Tesla စက်ရုံနေရာသစ် Elon Musk ရှာဖွေနေ၊ အိန္ဒိယအတွက် အခွင့်အရေးတစ်ခုဖြစ်လာ

Share

Tesla နှင့် Twitter သူဌေးကြီး Elon Musk က Tesla ၏နောက်ထပ်စက်ရုံသစ်အတွက် မြေနေရာရှာဖွေနေပြီး ၂၀၂၃ နှစ်ကုန်တွင် စက်ရုံဆောက်လုပ်မည့်နေရာကို အပြီးသတ်ရွေးချယ်နိုင်လိမ့်မည်ဟု Musk ကဆိုသည်။ လျာထားသည့် မြေနေရာထဲတွင် အိန္ဒိယရော ပါဝင်နိုင်သလားဟု Wall Street Journal မှ Thorold Barker ကမေးမြန်းခဲ့ရာ သေချာပေါက်ပါဝင်ကြောင်း Musk ကပြန်လည်ဖြေကြားခဲ့သည်။ Tesla အနေဖြင့် အိန္ဒိယ၌ စက်ရုံဖွင့်လှစ်ရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အိန္ဒိယ နည်းပညာဆိုင်ရာ ဒုတိယဝန်ကြီးချုပ်က Reuters သတင်းဌာနအား အစောပိုင်းကာလက ပြောကြားခဲ့ဖူးသည်။

Musk သည် Twitter ရုံးချုပ်အား San Francisco ၌တသက်လုံးထားရန် မရည်ရွယ်ထားကြောင်းလည်း ဖော်ပြခဲ့သေးသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Reuters, Indiatvnews
Photo: Getty Images

%d bloggers like this: