သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ စည်းမျဥ်းများကို လိုက်နာရန်ပျက်ကွက်သည့် ဆီတင်သင်္ဘောများကို စင်္ကာပူရေပိုင်နိက်တွင် ထိန်းသိမ်းခဲ့မှုများ.၂၀၂၂ မှစတင်၍ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် သင်္ဘောအစီးရေ ၃၃ စီး စင်္ကာပူအာဏာပိုင်များ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရကာ အဆိုပါအရေအတွက်မှာ ၂၀၁၉ အရှေ့ပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း ထိန်းသိမ်းခံရသည့် ဆီတင်သင်္ဘောအစီးရေနှင့် အတူတူပင်ဖြစ်နေခဲ့သည်။
အထူးသဖြင့်.ရုရှား-ယူကရိန်းစစ်ပွဲ.စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် အရေးယူပိတ်ဆို့ထားသည့် ရုရှားမှ.ရေနံများကို တိတ်တဆိတ်ဝယ်ယူနေသည့် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ မှောင်ခိုသယ်ယူနေသည့် ဆီတင်သင်္ဘောအစီးရေမှာ.မြင့်တက်လျက်ရှိပြီး ဒေသတွင်း ရေကြောင်းဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာသည့် အနေအထားတရပ်ဖြစ်သည်။
လက်ရှိထိန်းသိမ်းခံထားရသည့် ဆီတင်သင်္ဘောအများစုမှာ စံချိန်စံညွှန်း မညီသည့် အာမခံများထားရှိထားခြင်း၊ ရေယာဥ်သက်တမ်း အိုဟောင်းနေပြီး ဖျက်သိမ်းရန်သင့်နေပြီ ဖြစ်သည့် သင်္ဘောများဖြစ်နေခြင်း၊ ထိုသိုအိုဟောင်းနေသဖြင့် လိုက်နာရမည့်ဘေးကင်စလုံခြုံရေး စီမံချက်များ မပြည့်စုံခြင်းတိုကြောင့်ဖြစ်ကြောင်း သိရသည်။
မကြာသေးမီကလည်း မလေးရှားကမ်းရိုးတန်းတွင် ရေနံစည်ပေါင်း ၇သိန်းခန့် တင်ဆောင်နိုင်သောအရွယ်အစားရှိသည့် ဆီတင်သင်္ဘောတစီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ကံကောင်းထောက်မစွာပင် ထိုစဥ်က သင်္ဘောအတွင်း.မည့်သည့်ကုန်စည်မျှ တင်ဆောင်ထားခြင်မရှိဘဲ အခွံသက်သက်ဖြစ်သဖြင့် ရေနံယိုဖိတ်ကာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမည့် အရေးမှ လွတ်ကင်းသွားခဲ့သည်။
စင်္ကာပူအနေဖြင့် ကြီးမားသည့် ဆီဆိပ်ကမ်းများ တည်ရှိသလို အာရှနှင့် ဥရောပအကြား ဖြတ်သန်းသွားသည့်.သင်္ဘောများ၏ တထောက်နားရာ နေရာဖြစ်ပြီး.လက်ရှိအချက်အလက်များအရ ရုရှားမှ ဆီမှောင်ခို သင်္ဘောများသည်လည်း စင်္ကာပူရေပိုင်နက်ရှိရာ မလက္ကာရေလက်ကြားမှ အများဆုံးဖြတ်သန်းလျက်ရှိသည်။
စင်္ကာပူရေကြောင်းအာဏာပိုင်အဖွဲ့အနေဖြင့် ယမန်နှစ် ၂၀၂၂ တစ်နှစ်လုံးတွင် ဆီတင်သင်္ဘော ၂၂စီးထိန်းသိမ်းခဲ့ပြီး ယခုနှစ်တွင် လက်ရှိအချိန်အထိ ၃၃ စီး ထိန်းသိမ်းခဲ့ကာ ဧပြီလ တစ်လတည်းတွင် ၉စီးထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Strait Times
Photo: The Strait Times