Panasonic က Tesla လျှပ်စစ်ကားများအတွက် ဘက်ထရီများထုတ်လုပ်ပေးလျက်ရှိနေပြီး ဘက်ထရီ အရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် 4680 battery cells ထုတ်လုပ်မှုကို ဧပြီလမှ ၂၀၂၄ စက်တင်ဘာလအထိ ခေတ္တဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အရည်အသွေး ယှဉ်ပြိုင်နိုင်စေရန် ပိုမိုကောင်းမွန်အောင် ပြုလုပ်ပြီး အမြောက်အများထုတ်လုပ်မှုကို ၂၀၂၅ နှစ်စတွင် ပြန်လည်စတင်သွားမည်ဟု ဆိုသည်။ Panasonic သည် Tesla နှင့်ပူးပေါင်း၍ 4680 production line ကို ဂျပန်နိုင်ငံ ဝါကာယာမာ စက်ရုံတွင် ထုတ်လုပ်လျက်ရှိပြီး 4680 battery cells ကို Tesla က Model Y တွင် အဓိက အသုံးပြုလျက်ရှိသည်။ 4680 battery cells ထုတ်လုပ်လျက်ရှိသည့် ကယ်လီဖိုးနီးယားနှင့် တက်ဆက်စ် စက်ရုံများသည် ၂၀၂၂ နှစ်ကုန် စာရင်းအရ တစ်ပတ်လျှင် ကား ၁၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်လျက်ရှိသည်။
Tesla ၏တောင်ကိုရီးယားမိတ်ဖက် LG Energy Solution ကလည်း ယခုနှစ်ကုန်တွင် ပြည်တွင်း၌ 4680 production line အသစ် စတင်တော့မည်ဖြစ်ကြောင်း ယခင်လကကြေညာထားသည်။
Reference: Nikkei Asia, Forbes, Panasonic
Photo: Getty Images