နှင်းတွေဖုံးလွှမ်းနေတဲ့ ဟိမဝန္တာ တောင်တန်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယရှိ အချို့ဒေသများ၏ မြင်ကွင်းထဲသို့ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ယခင်က လေထုညစ်ညမ်းမှုကြောင့် မီးခိုးမြူမှုန့်တွေနဲ့ဖုံးလွှမ်းနေတဲ့ ဟိမဝန္တာ တောင်တန်းကြီးကိုအိမ်ခေါင်းမိုးထက်ကနေ မြင်တွေ့နိုင်တယ်ဆိုတာ ဒေသခံအများအပြား မသိရှိခဲ့ကြပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြို့ကို lockdown ချခဲ့ရာမှ လေထုညစ်ညမ်းမှု ပြန်လည်လျော့ကျလာတာကြောင့် အခုလို မြင်ကွင်းထဲ ပြန်လည်ပေါ်လာတာဖြစ်ပါတယ်။
အဖြူရောင် တောင်တန်းလို့အမည်ရတဲ့ ဟိမဝန္တာတောင်တန်းကြီး၏ တစိတ်တပိုင်းဖြစ်တဲ့ Dhauladhar တောင်တန်းကို မြင်တွေ့ရတဲ့ ဒေသခံတွေဟာ သူတို့တသက်မှာ အခုလိုမြင်ဖူးရလိမ့်မယ်လို့မထင်ခဲ့ကြပါဘူး။
နံမည်ကျော် အိန္ဒိယ ခရစ်ကတ်ကစားသမား Harbhajan Singh အပါအဝင် နှင်းတောင်တန်းကြီးကို မြင်ခဲ့တဲ့ လူတွေဟာ သူတို့ရဲ့ပျော်ရွှင်မှုကို social media ပေါ်မှတဆင့် မျှဝေခဲ့ကြပါတယ်။
“Jalandhar မှာရှိတဲ့ ကျွန်တော့ရဲ့အိမ်ခေါင်မိုးပေါ်ကနေ Dhauladar တောင်တန်းကြီးကို မြင်တွေ့ရလိမ့်မယ်လို့ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒါဟာ ကျွန်တော်တို့မိခင်ကမ္ဘာကြီး အတွက် လေထု ကင်းစင်သန့်ရှင်းမှု အမှတ်အသားတခုပါပဲ” လို့Harbhajan ကသူ၏ twitter account မှာတင်ခဲ့ပါတယ်။
လေထုညစ်ညမ်းမှု တိုက်ဖျက်သူတဦးဖြစ်တဲ့ Sant Balbir Singh Seeechewal က “အခုဆိုရင် ကျွန်တော်တို့ရဲ့ခေါင်မိုးထပ်ကနေပြီး နှင်းတောင်ကြီးကိုမြင်ရပြီ။ ဒါတင်မကဘူး ညကျရင် ကြယ်တွေကိုလဲမြင်ရတယ်။ ဒါမျိုးအရင်က တခါမှမမြင်ခဲ့ဖူးဘူး” လို့ဆိုပါတယ်။
လူဦးရေ ၁.၃ ဘီလျံရှိတဲ့ အိန္ဒိယနိုင်ငံဟာ မတ်လ ၂၂ နေ့ရက်မှစ၍ ဧပြီလ ၁၄ ရက်နေ့အထိ တနိုင်ငံလုံးကို တင်းကြပ်စွာ lockdown ချထားခြင်းဖြစ်ပါတယ်။ အပြင်လုံးဝထွက်ခွင့်မရှိတဲ့ တင်းကြပ်တဲ့ စည်းကမ်းစည်းကမ်းတွေကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေထံမှ ဆန့်ကျန်သည့်အသံများထွက်ပေါ်လာခဲ့ပြီး စီးပွားရေးမှာလဲ ထိခိုက်မှုတွေရှိတယ်လို့ဝေဖန်ခံနေရပါတယ်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင်ထွက်ရှိသော Economic Times မဂ္ဂဇင်းတွင် auto company ၏ အမှုဆောင်အရာရှိဖြစ်သူ Rajiv Bajaj က “တခြား ဘယ်နိုင်ငံမှာမှ အိန္ဒိယလိုမျိုး လုံးဝလှုပ်လို့မရအောင် Lockdown ချတာမလုပ်ဘူး။ ဒီလိုလုပ်တာ အိန္ဒိယကို ပိုအားနည်းအောင်လုပ်နေတာပဲဖြစ်တယ်” လို့သူကဝေဖန်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Lockdown ချပစ်ထားတာဟာ စက်ရုံ၊ဈေးဆိုင်၊ ဘုရားကျောင်း၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် အခြား ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်နားပစ်လိုက်ရတာကြောင့် အိန္ဒိယ၏ လေထုညစ်ညမ်းမှုကိုလဲ ခဏတာရပ်နားလိုက်တာနဲ့အတူတူပါပဲ။ ကမ္ဘာ့လေထု အညစ်ညမ်းဆုံး နိုင်ငံ ၃၀ မှာ ၂၁ နိုင်ငံဟာ တောင်အာရှရှိ မြို့ကြီးများ ဖြစ်ပါတယ်။
lockdown ပြုလုပ်ပြီးနောက် မော်တော်ကား နှင့် ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိလာတဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် level ဟာ ၇၁% မှ ၅၂%ထိ ကျဆင်းလာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံဟာ လေထုညစ်ညမ်းမှုကို ပြင်းထန်စွာခံစားနေရပြီးနောက် အစိုးရမှ lockdown ချစဉ်ကာလအတွင်း လေထုပြန်လည်သန့်စင်လာမှုကိုပြန်လည် ခံစားနေရတာဖြစ်ပါတယ်။
Seechewal က “ကျွန်တော့ကတော့ ဒီလို သန့်စင်တဲ့ကမ္ဘာကြီးပြန်ရလာလိမ့်မယ်လို့တခါမှမထင်မိခဲ့ဘူး။ မဖြစ်နိုင်ဘူး ထင်ထားတာတွေ အခုတော့ တကယ်ဖြစ်လာတယ်။ ဒီအခြေအနေလေးကို ဆက်လက်ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ အတူလက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့ပဲ လိုပါတယ်” ဟုဆိုပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: The Mind Unleashed
Photo credit: Steve Hicks, Flickr