0

ဆေးဝန်ထမ်းတွေက PPEဝတ်စုံတွေပေါ်မှာ သူ့တို့ရဲ့နံမည်နဲ့တကွ ဓါတ်ပုံများကပ်ထားခဲ့။

Share

COVID-19 လူနာတွေဆေးရုံတက်ရတဲ့အခါ အခြားဘယ်မိသားစုဝင်မှ သူတို့အနားလာရောက်ခွင့် မရှိတော့ပါဘူး။ ကုသပေးမယ့်ဆရာဝန်တွေ သူနာပြုတွေနဲ့အခြား ဆေးဝန်ထမ်းတွေကတောင်မှ ဗိုင်းရပ်စ် ကာကွယ်တဲ့ ဝတ်စုံ အပြည့်အစုံဝတ်ပြီး ခပ်ခွါခွါကနေပဲ လိုအပ်သလို ကုသစောင့်ရှောက်ပေးကြရပါတယ်။ ဒါဟာတဖြေးဖြေး လူသားဆန်တဲ့အထိအတွေ့တွေ ပြတ်တောက်လာစေပါတယ်။

ဒါ့ကြောင့် ဆေးဝန်ထမ်းတွေဟာ အထီးကျန်နေတဲ့ COVID-19 ရဲ့ ဝေသနာ ပျောက်ကင်းသွားစေဖို့ အကြံတခုရလာပါတယ်။ ဆေးဝန်ထမ်းတွေတပ်ဆင်ထားရတဲ့ မျက်နှာဖုံးအစွပ်တွေက မျက်နှာနဲ့ခေါင်းတခုလုံးကို ကာရန်ထားတဲ့အတွက် ဆေးဝန်ထမ်းတွေရဲ့မျက်နှာအမူအရာကို မမြင်ရတော့ပါဘူး။ သူတို့တွေဟာ လူနာကိုအားပေးဖို့ ပြုံးပြတာကိုလဲ လူနာကမမြင်ရပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ဝတ်စုံတွေပေါ်မှာ သူတို့နံမည်နဲ့တကွ ပျော်ရွှင်နေတဲ့ဓါတ်ပုံလေးတွေကို ကပ်ထားကြပါတယ်။

“မနေ့က အရေးပေါ်ဌာနထဲက ကျွန်တော့်ရဲ့လူနာတယောက်ဆီ ကျွန်တော် PPE ဝတ်စုံအပြည့်နဲ့ဝင်သွားတဲ့အခါ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” လို့Californai ရှိ Scripps Mercy Hospital မှ ဆရာဝန်တဦးဖြစ်သူ Robertino Rodriguez ကသူရဲ့Intagram မှာတင်ခဲ့ပါတယ်။ သူတို့ကို အားပေးတဲ့အပြုံးတပွင့်ဟာ ကြောက်ရွံ့နေတဲ့ လူနာတွေကို အများကြီးပြောင်းလဲမှုဖြစ်စေတယ်။ ဒါကြောင့် ဒီနေ့ကျွန်တော့် PPC ဝတ်စုံပေါ်မှာ ဓါတ်ပုံအကြီးကြီးတခု ကပ်လာခဲ့တယ်။ ဒါဆို လူနာတွေက သူတို့ကိုအားပေးနေပါတယ်ဆိုတဲ့ အပြုံးလေးကို မြင်နိုင်ခဲ့တယ်လို့သူကဆိုပါတယ်။

အခြားမြို့နယ်မှာရှိတဲ့ ဆေးဝန်ထမ်းတွေကလဲ သူတို့လို ဝတ်စုံပေါ်မှာ ဓါတ်ပုံတွေကပ်လာကြပါတယ်။
“ဒီလို idea ကို instagram ကတဆင့်ရခဲ့ပြီး ဒီနည်းလမ်းဟာ လူတွေသောကရောက်နေတဲ့အချိန်မှာ သူတို့စိတ်သက်သာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတခုဖြစ်လိမ့်မယ်လို”့ Los Angeles က သူနာပြုဆရာဖြစ်သူ Derek DeVault ကသူ့ရဲ့instagram အကောင့်မှာ PPE ဝတ်စုံဝတ်ထားတဲ့သူနဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံနှင့်တကွ တင်ထားပါတယ်။

United Memorial Medical Center မှ Dr. Joseph Varon ကတော့ သူ့ရဲ့ဆေးဝတ်စုံပေါ်မှာ ဓါတ်ပုံတပုံကိုကပ်ထားပြီး လူနာတွေကို လိုက်လံကြည့်ရှုနေပါတယ်။ Varon ကတော့ ပြူငှာဖော်ရွေတဲ့ မျက်နှာတဆင့် လူနာတွေကို မျှော်လင့်ချက်လေးပေးလိုက်တာဟာ သူတို့တိုက်နေရတဲ့ တိုက်ပွဲအတွက် ၅၀% အောင်မြင်သွားပြီဟု ယုံကြည်ကြောင်း ဆိုပါတယ်။

“အကယ်၍ ကျွန်တော်က မျှော်လင့်ချက်လေးတခုတောင် မပေးတော့ရင် အဲဒီလူနာကို ဘယ်လောက်ကောင်းတဲ့ ဆေးကုသမှုတွေပေးပေး သူသွားတော့မှာပါ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ရည်ရွယ်ချက်က coronavirus ကြောင့် လူနာတွေအားလုံး မျှော်လင့်ချက် ဘယ်နည်းနဲ့မှမမဲ့စေဖို့ပဲ ဖြစ်ပါတယ်” လို့ Varon ကဆိုပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Business Insider

%d bloggers like this: