0

Privacy လုံခြုံရေးအားနည်း၍ ဝေဖန်ခံရပြီးနောက် Zoom ၏ရှယ်ယာဈေးများကျဆင်း။

Share

Work from home များခေတ်စားလာခြင်းနှင့်အတူ video meeting application တခုဖြစ်သည့် Zoom မှာ ယခင်ကထက် ပိုမိုလူသိများလာခဲ့ပြီး သုံးစွဲသူမြင့်တက်လာခဲ့သည်။ Zoom application အား အိမ်မှအလုပ်လုပ်လိုသူများ၊ meeting လုပ်လိုသူများနှင့်သင်ခန်းစာပို့ချလိုသူများက အဓိကထားသုံးစွဲကြသည်။

Zoom ၏ CEO ဖြစ်သူ Eric Yuan က မတ်လအတွင်းတရက်လျှင် သုံးစွဲသူ users ပေါင်း သန်း၂၀၀အထိ မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အချို့users များ၏ data များပေါက်ကြားခဲ့သည့်အတွက် ဝေဖန်မှုများမြင့်တက်လာခဲ့ပြီးနောက် ကုမ္ပဏီအနေဖြင့် ယင်းပြဿနာများကို အမြန်ဆုံး ဖြေရှင်းရန်ကြိုးစားလျက်ရှိကြောင်းနှင့် အချက်အလက်များပေါက်ကြားခဲ့မှုအတွက် အနူးအညွတ်တောင်းပန်ကြောင်း Yuanက ပြောကြားခဲ့သည်။

Zoom ၏ရှယ်ယာဈေးနှုန်းအား $121.93 ဖြင့်ဈေးပိတ်ခဲ့ပြီး တရက်အတွင်း 11% ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့မနက်တွင် Zoom share သည် 16% ထိကျဆင်းခဲ့သည်။

Zoom application တွင် Data များမည်ကဲ့သို့အသုံးချထားသည်ကို ရှင်းလင်းဖော်ပြထားမှုမရှိခြင်း၊ Facebook data များနှင့်အတူ မျှဝေထားခြင်း၊ Mac အသုံးပြုသူများ၏ ခွင့်ပြုချက်မတောင်းခံခြင်းစသည့် အသုံးပြုသူuser များ၏ အချက်အလက်များလုံခြုံမှုမရှိခြင်းကြောင့် ဝေဖန်မှုများမြင့်တက်နေခြင်းဖြစ်သည်။

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် Zoom အနေဖြင့် users privacy အပေါ်တွင် အဓိကအာရုံစိုက်သွားမည်ဖြစ်ပြီး နောက်ရက်ပေါင်း ၉၀ ထိ အချို့ features များကိုခေတ္တရပ်ဆိုင်းထားမည်ဟု Yuan ကပြောကြားခဲ့သည်။

Zoom ကို ၂၀၁၁ ခုနှစ်တွင် Eric Yuan ဆိုသူကတည်ထောင်ခဲ့ပြီး April 18, 2019 တွင် ရှယ်ယာတစောင်လျှင် $35 ဖြင့် Nasdaq ၌ စတင်ရောင်းချခဲ့သည်။ ပြီးခဲ့သည့် 52 ပတ်အတွင်း ရှယ်ယာဈေး $164.90 ထိမြင့်တက်လာခဲ့တာဖြစ်ပြီး ကြာပတေးနေ့တွင် $127 ထိကျခဲ့သွားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC

%d bloggers like this: