0

TikTok နှင့်ထိပ်တိုက်ယှဉ်ပြိုင်မည့် feature သစ်တခု YouTube တီထွင်။

Share

မကြာသေးခင် ကာလအတွင်း လူငယ်များကြား အလွန်ရေပန်းစားလာသော တရုတ် videio-sharing app တခုဖြစ်သည့် TikTok နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရန် အတွက် YouTube မှ Shorts ဟုအမည်ပေးထားသည့် ဗီဒီယိုတိုများရိုက်ကူး ဖန်တီးနိုင်မည့် feature သစ်တခုအား တီထွင်လိုက်သည်။ အဆိုပါ feature သည် YouTube mobile app အတွင်းတွင် ပါဝင်လာမည်ဖြစ်ပြီး users များအား TikTok ကဲ့သို့ရိုက်ကူး၍ရနိုင်မည့် ဗီဒီယို အတိုလေးများကို YouTube music library နှင့် ချိတ်ဆက်ခွင့်ပေးထားသည်။ ၎င်း feature ကို ယခုနှစ်ကုန်ပိုင်းတွင် ကုမ္ပဏီမှ စတင်မိတ်ဆက်ပေးသွားဖွယ်ရှိသည်။

လူမှုကွန်ယက် ကုမ္ပဏီကြီးများဖြစ်သည့် Facebook, Instagram နှင့် Snapchat တို့မှ TikTok အား ယခင်ကတည်းက စောင့်ကြည့်နေခဲ့ကြသော်လည်း YouTube မှပထမဆုံး ထိပ်တိုက်ယှဉ်ပြိုင်ရန် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

NBC မှပြုလုပ်သော Interview တခုတွင် YouTube ၏ CEO ဖြစ်သူ Susan Wojcicki ကကုမ္ပဏီအနေဖြင့် ဗီဒိုယိုတို ရိုက်ကူးနိုင်သော feature ဘက်သို့ခြေလှမ်းရန်ရှိကြောင်း ပြောကြားခဲ့သည်။

“အတော်လေးတိုတဲ့ ဗီဒီယို… ဥပမာ ၁၅ စက္ကန့်စာလောက်ပေါ့။ အဲဒါက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကျွန်မတို့အနေနဲ့ အကောင်အထည်ဖော်ဖို့ရှိပါတယ်” လို့Wojcicki ကပြောခဲ့သည်။

“YouTube က Facebook ကဲ့သို့ Stories ကိုမိတ်ဆက်ပေးခဲ့ပြီးပါပြီ။ ပြီးတော့ Creators တွေကလဲ Stories တွေနဲ့အတော် အလုပ်ဖြစ်နေတာကိုလဲ တွေ့ခဲ့ရပါတယ်” ဟုသူမကဆိုသည်။ “Stories လို feature ကအတော်တိုတဲ့ ဗီဒီယိုတွေအတွက် ဥပမာ တခုပါပဲ။ ဒါ့ကြောင့် ကျွန်မတို့ဘက်က အဲဒီလို ဗီဒီယိုတိုတိုလေးတွေကစလို့ format sizes မျိုးစုံ၊ ပုံစံမျိုးစုံကို ဆက်လက် တီထွင်ဖန်တီးသွားဖို့ရှိပါတယ်” ဟုသူမက ဆက်လက်ပြောကြားသွားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news

%d bloggers like this: