0

နှစ်စတွင် လျှပ်စစ်ကား XPeng နှင့် Nio တို့ အရောင်းကျဆင်းခဲ့

Share

ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ်လျှပ်စစ်ကားကုမ္ပဏီ XPeng သည် သိသာသောအရောင်းပမာဏကျဆင်းမှုကြောင့် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးအစကို ခက်ခက်ခဲခဲဖြတ်သန်းလိုက်ရပုံပေါ်ခဲ့သည်။
ကုမ္ပဏီသည် ဇန်နဝါရီအတွင်း လျှပ်စစ်ကား အစီးရေ ၅,၂၁၈ စီးကိုသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယင်းပမာဏမှာ ယမန်နှစ်ကာလတူ အခြေအနေထက် ၆၀% ပိုမိုလျော့နည်းခဲ့သည်။

လျှပ်စစ်ကားကုမ္ပဏီ XPeng အနေဖြင့် ၅ လ ဆက်တိုက် အရောင်းကျဆင်းမှုဖြစ်သည်ဟုလည်း သိရသည်။
ကုမ္ပဏီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စာရင်းအချက်အလက်များအရ လျှပ်စစ်ကားစုစုပေါင်း ၂၅၈,၇၁၀ စီး အထိ ရောင်းချခဲ့ရပြီးဖြစ်သည်။
၎င်း၏ လျှပ်စစ်ကားမော်ဒယ်များတွင် Xpeng P7, P5, G3/G3i, G9 စသည်တို့ပါဝင်ပြီး ယနေ့ ၂၀၂၃၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ဥရောပဈေးကွက်သို့ လျှပ်စစ်ကားမော်ဒယ်သစ် ၂ မျိုးကို စတင်မိတ်ဆက်ရောင်းချမည်ဟု ကုမ္ပဏီက တွစ်တာမှတဆင့် ကြေညာထားသည်။

အခြား တရုတ်လျှပ်စစ်ကား ထိပ်တန်းကုမ္ပဏီ ၁ ခုဖြစ်သော NIO သည်လည်း ဇန်နဝါရီလတွင် အရောင်း ၁၂% ကျဆင်းခဲ့သည်။
NIO သည် ပြီးခဲ့သည့်လက ၎င်းတို့ကုမ္ပဏီထုတ် လျှပ်စစ်ကားအစီးရေ ၈,၅၀၆ စီးကို တင်ပို့ရောင်းချနိုင်ခဲ့သည်။
လက်ရှိတွင် ကုမ္ပဏီသည် EC6, ES6, ES7, ES8, ET5 and ET7 စသည့် လျှပ်စစ်ကားမော်ဒယ်အမျိုးအစားကို ၆ မျိုးကို ရောင်းချနေပြီး လာမည့် မေလ တွင် မော်ဒယ်သစ် EC7 ကို မိတ်ဆက်မည်ဟု ခန့်မှန်းထားကြသည်။

၎င်းတို့၏အရောင်းစာရင်းအချက်အလက်များထုတ်ပြန်ပြီးနောက် NIO, XPeng နှင့် Lucid တို့၏ ရှယ်ယာတန်ဖိုးများမှာ ၁ စုလျှင် ၁၁.၈၇ ဒေါ်လာ၊ ၁၁.၀၁ ဒေါ်လာ နှင့် ၁၁.၉၁ ဒေါ်လာတို့ အသီးသီးရှိနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Inside EVs, Clean Techinca, Markets Insider, The Motley Fool
Image: Stock Dividend Screener

%d bloggers like this: