ဘီလျံနာကြီး Warren Buffet ဟာ Apple ၏ ရင်းနှီးမြှုပ်နှံသူကြီး တဦးဖြစ်ပေမဲ့ iPhone ကိုဘယ်တော့မှ မကိုင်ခဲ့ပဲ ဒေါ်လာ ၂၀ တန် Samsaung SCH-U320 ခေါက်ဖုန်းလေးကိုသာ တောက်လျှောက်အသုံးပြုခဲ့တာ ကြားဖူးကြမှာပါ။ ဒါပေမဲ့ နောက်ဆုံးတော့ ဒေါ်လာ ၂၀ တန် ခေါက်ဖုန်းကနေ နောက်ဆုံးပေါ် iPhone 11 ပြောင်းကိုင်လိုက်ပြီ ဖြစ်ပါတယ်။ “ကျွန်တော့ရဲ့ခေါက်ဖုန်းလေးကတော့ လစ်သွားပါပြီဗျာ” ဟု တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ CNBC ရဲ့interview တခုမှာ ပြောသွားခဲ့ပါတယ်။ “ကျွန်တော်က သူများတွေလို iPhone ရဲ့facilities တွေအပြည့်အဝ သုံးတဲ့သူ မဟုတ်ဘူး။ ဖုန်းခေါ်ရုံလောက်ပဲ ဖုန်းအနေနဲ့သုံးတာပါ” လို့ပြောခဲ့ပါသေးတယ်။ အရင်တုန်းက Buffett က stock ဈေးနှုံးတွေကြည့်ဖို့ iPad တစ်လုံးကို အသုံးပြုခဲ့ပါတယ်။
“ကျွန်တော် အရင်ကတည်းက iPhone တော်တော်များများ လက်ဆောင်ရရှိခဲ့ပါတယ်။ Cook ဆီက အပါအဝင်ပေါ့ဗျာ။” Tim Cook ဟာ ယခုလက်ရှိ Apple Inc ရဲ့CEO ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက Cook က “Buffett ရှိတဲ့ Omaha ထိ ကျွန်တော်ကိုယ်တိုင် ရောက်အောင်သွားပြီး ဖုန်းအသစ်တလုံးလောက် ပေးချင်ကြောင်း” ပြောခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Buffett က “Apple ဟာ ကျွန်တော်သိသမျှ ကမ္ဘာပေါ်မှာ အကောင်းဆုံး business တခုပဲ” လို့ ဆိုပါတယ်။ Berkshire ဟာ Apple ရဲ့share 5.5 % ပိုင်ဆိုင်ထားပြီး တန်ဖိုးအရ အမေရိကန်ဒေါ်လာ ၇၂ ဘီလျံရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ထိ Apple ရှယ်ယာဟာ ၈၀% ထိတက်ခဲ့ပေမဲ့ လောလောဆယ် တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ coronavirus ဂယက်ကြောင့် ရှယ်ယာ ၄% ခန့်ကျဆင်းနေတာ ဖြစ်ပါတယ်။
Source: CNBC