Work from home လုပ်တော့မယ်ဆိုလျှင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ clients တွေ ဒါမှမဟုတ် အထက်အရာရှိတွေနဲ့အတူတူ video conference call လဲလုပ်ရပါလိမ့်မယ်။ အိမ်ကနေ အလုပ်လုပ်ရတယ်ဆိုတာ အဆင်ပြေမယ်ထင်မိပေမဲ့ ပုံမှန်လုပ်ငန်းခွင်မှာ အလုပ်လုပ်ရတာနဲ့ မတူတော့ပဲ တကယ် လွယ်ကူတဲ့အလုပ်တခုတော့ မဟုတ်ပါဘူး။ အခက်အခဲ မရှိပဲ meeting တခုချောချောမွေ့မွေ့ ပြုလုပ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လဲလိုအပ်ပါတယ်။ Meeting လုပ်ဖို့အတွက် Video conferencing လုပ်တဲ့အခါ ပြင်ဆင်ထားသင့်တဲ့ အရာတွေနဲ့ရှောင်ရှားသင့်တဲ့ အရာတွေကို ပြောပြပေးပါ့မယ်။
(၁) အသုံးပြုမယ့် ကွန်ပြူတာ hardware နှင့် အင်တာနက်လိုင်းတို့ ကောင်းမကောင်း ကြိုတင်စစ်ဆေးပါ။
နှေးကွေးတဲ့ အင်တာနက်လိုင်းကြောင့် ဒါမှမဟုတ် ကိုယ့်ဘက်က computer hardware တခုခုချို့ယွင်းနေတာကြောင့် meeting လုပ်ရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် meeting တခုမစတင်ခင် hardware တွေဖြစ်တဲ့ microphone, speaker, headphones တွေကောင်းမကောင်း ကြိုစစ်ဆေးထားပြီး အင်တာနက်လိုင်းကိုလဲ လုံလောက်တဲ့ အင်တာနက် speed ဖြစ်ရဲ့လား ၊ video call ခေါ်လို့ရတဲ့အထိ လိုင်းကောင်းရဲ့လားဆိုတာ စစ်ဆေးထားသင့်ပါတယ်။ video conferencing အခုမှစလုပ်ဖူးတဲ့သူတွေဆိုလျှင် meeting လုပ်မဲ့ app သို့မဟုတ် software ရဲ့feature တွေအကြောင်း ကြိုတင်လေ့လာထားသင့်ပါတယ်။
(၂) ရှင်းလင်းသော နောက်ခံ background ပြောင်းထားပါ။
သင့်အိမ်မှာ Video meeting လုပ်ဖို့အတွက် သင့်တော်တဲ့နေရာ သို့မဟုတ် ရုံးခန်းရှိချင်မှရှိမှာပါ။ ဒါမှမဟုတ် သင့်အိမ်က တိတ်ဆိတ်တဲ့ နေရာတနေရာကို အလုပ်လုပ်ဖို့အဖြစ် သင်ရွေးချယ်မိမှာပါ။ အရေးကြီးတာက သင့်ရဲ့နောက်မှာ ရှုပ်ပွနေတဲ့ အခန်း၊ ဒါမှမဟုတ် ညစ်ပေပြီးရှုပ်ရှပ်ခတ်နေတဲ့ နံရံကြီးနဲ့ဆိုရင် တဖက်က ကြည့်ရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် နောက်ခံမြင်ကွင်းဖြစ်မဲ့နေရာကို ကြိုတင်ရှင်းလင်းထားပါ။ နောက်နည်းလမ်းတခုကတော့ အချို့သော video app တွေက နောက်ခံ background ကိုပြောင်းလို့ရပါတယ်။ Zoome မှာဆိုရင် users တွေကသူတို့ရဲ့ရှုပ်ပွနေတဲ့ အခန်းကိုမပြချင်တဲ့အခါ virtual background ထားထားလို့ရပါတယ်။ Skype နဲ့Microsoft Team မှာလဲ “background blur” ဆိုတဲ့ feature တခုကို အသုံးပြုခွင့်ပေးထားပါတယ်။
(၃) တိတ်ဆိတ်ပြီး privacy ရှိမဲ့နေရာကိုရှာပါ။
အလုပ်လုပ်တော့မယ်ဆိုလျှင် အထူးသဖြင့် video call ခေါ်ပြီးအလုပ်လုပ်ရမယ်ဆိုရင် ပတ်ဝန်းကျင်က အနှောက်အယှက်မပေးနိုင်တဲ့ နေရာတခုကို ကြိုတင် ရှာဖွေထားဖို့လိုအပ်ပါတယ်။ အလုပ်မလုပ်မီ အိမ်မှာရှိတဲ့ သင့်မိသားစုကိုလဲ သင်အလုပ်လုပ်တော့မဲ့အကြောင်း အနှောက်အယှက်မပြုမိစေဖို့ကြိုတင်သတိပေးထားသင့်ပါတယ်။ အိမ်မှာကလေးငယ်လေးတွေရှိရင် ကလေးထိမ်းပေးနိုင်မဲ့သူတယောက်ယောက်ဆီ ကြိုတင်အပ်ထားသင့်ပါတယ်။ အကယ်၍သင့်အိမ်မှာ ကလေးတွေနဲ့အိမ်ဘေးကဆူညံသံတွေကို ရှောင်ရှားလို့မရနိုင်တဲ့အခါ အလုပ်လုပ်နေတဲ့အခါ white noise machine ကိုအသုံးပြုဖို့အကြံပေးလိုပါတယ်။
(၄) စကားကျော်မပြောပါနဲ့။ မေးစရာရှိတဲ့မေးခွန်းကို chat function ကိုအသုံးပြုပြီးမေးပါ။
Meeting လုပ်နေတုန်း သင့်အနေနဲ့ဆွေးနွေးစရာ မေးစရာတွေ ရှိလာတတ်ပါတယ်။ အဲဒီအခါ ကြားဖြတ်ဝင်မေးလိုက်တာက ပုံမှန်ရုံးချိန်မှာလုပ်တဲ့ meeting မှာအဆင်ပြေနိုင်ပေမဲ့ video meeting လုပ်နေတဲ့အခါမှာတော့ လူတွေအားလုံးကို သင်အာရုံစိုက်အောင်လုပ်ဖို့ခက်ခဲပါလိမ့်မယ်။ နောက်ပြီး စကားဖြတ်ပြောတာက ဆွေးနွေးနေတဲ့ ကိစ္စကနေ ဘေးချော်ထွက်ပြီး လမ်းကြောင်းတွေလွဲသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် မေးစရာရှိရင် chat မှာအရင်မေးထားပြီး နောက်မှတခုချင်းစီမေးခွန်းတွေကို ပြန်ဖြေပေးတာက အစီအစဉ်ကျတဲ့ meeting တခုဖြစ်စေမှာပါ။
(၅) စကားမပြောသေးဘူးဆိုရင် mic ကိုလဲပိတ်ထားပါ။
သင်စကားပြောရမဲ့အလှည့်မဟုတ်သေးဘူးဆိုရင် မိုက် အသံပိတ်ထားတာ ပိုကောင်းပါတယ်။ မဟုတ်လျှင် သင့်ရဲ့လှုပ်ရှားမှုကြောင့် မလိုအပ်တဲ့ ဆူညံသံတွေက အခြားသူတွေကို အနှောက်အယှက် ဖြစ်စေပါလိမ့်မယ်။ ကော်ဖီတို့ရေတို့သောက်နေချိန် မိုက်မပိတ်ထားတဲ့အခါ လူတွေကို meeting ထဲမှာအာရုံစိုက်လို့မရအောင် အနှောက်အယှက် ဆူညံသံတွေပေးတတ်ပါတယ်။ Skype တို့Zoom တို့မှာ မိုက်ကို Mute လုပ်ထားနိုင်ပါတယ်။
(၆) အာရုံမများပါနဲ့။
တခါတရံ သင်က meeting ထဲမှာ အာရုံမစိုက်မိပဲ အခြားအရာတွေ ထိတွေ့ကိုင်တွယ်နေတာ ဒါမှမဟုတ် လက်ကတခုခု ဆော့နေတာမျိုးလုပ်မိတတ်ပါတယ်။ သာမန် Meeting တခုမှာ ဒါကပြဿနာ မဟုတ်ပေမဲ့ video conference မှာတော့ သင့်ကို လူအားလုံးက မြင်နေရတာကြောင့် သင့်လှုပ်ရှားမှုတွေက သာမန်ထက်ပိုပြီး အာရုံစိုက်ခံရတတ်ပါတယ်။ ဒါ့ကြောင့် အာရုံမများပဲ အလုပ်ထဲမှာပဲ သေချာ အာရုံစိုက်နိုင်အောင် ကြိုးစားပါ။ အခြားလူတွေအတွက် အနှောက်အယှက် ဖြစ်စေနိုင်တဲ့အပြုအမူပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
(၇) သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ။
ဘယ်လောက်ပဲ အိမ်ကနေအလုပ်လုပ်တယ်ပြောပြော သင့်ရဲ့appearance ဟာအရင်လို ရုံးတက်တဲ့အတိုင်းနီးပါး ထပ်တူကျသင့်ပါတယ်။ အိမ်နေရင်း အဝတ်အစားနဲ့meeting တက်တာက အဆင်ပြေမှာမဟုတ်ပါဘူး။ သင်က ပုံမှန် Uniform ဝတ်ဆင်ရသူဆိုရင် uniform ဝတ်ဆင်ပါ။ မဟုတ်ရင်တော့ ကြည့်ကောင်းမဲ့ အင်္ကျ ီမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ ဒါဟာ ကုတ်အင်္ကျ ီဝတ်ပြီး ခြေဆုံးခေါင်းဆုံး အပြည့်ဝတ်ဆင်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ မမြင်နိုင်တဲ့ သင့်ခန္ဓာကိုယ်အောက်ပိုင်းမှာ လွတ်လွတ်လပ်လပ်ဘောင်းဘီတို စကတ်ဝတ်ထားတယ်ဆိုတောင် သင့်ကိုမြင်ရမဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ သပ်သပ်ရပ်ရပ် ဝတ်ဆင်သင့်ပါတယ်။ ဒါပေမဲ့ မေ့ပြီးမတော်တဆခုံက ထမသွားမိစေဖို့တော့လိုအပ်ပါတယ်။ နိဂုံးချုပ်ရရင်တော့ video call ခေါ်တဲ့အခါ သင့်အသွင်အပြင်က သင်ပုံမှန်ရုံးတက်သလိုပဲ သင့်ကိုမြင်ကြပါစေ။