0

တရုတ်သို့ ချစ်ပ်ပြားများ ရောင်းချခြင်းမပြုရန်​ တောင်ကိုးရီးယားကို US တောင်းဆို

Share

အကယ်၍ တရုတ်အနေဖြင့် US ချစ်ပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီ​ဖြစ်သော​ Micron ကို​ အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ပါက​ လစ်လပ်သွားသည့်နေရာကို တောင်ကိုးရီးယား ချစ်ပ်ပြားထုတ်လုပ်သူများက​ ဝင်ရောက်အစားထိုးခြင်းမပြုရန်​ အမေရိကန်​က​ တောင်ကိုးရီးယား​ကို​ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါသတင်းသည် တောင်ကိုးရီးယား သမ္မတ​ ယွန်းဆော့ယို အမေရိကန်​သို့လာရောက်၍ သမ္မတ​ဘိုင်ဒန်နှင့် တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးပွဲမတိုင်ခင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

တောင်ကိုးရီးယား​သမ္မတ​ယွန်း​ အနေဖြင့်​ ယနေ့​ ဧပြီ​၂၄ရက်နေ့တွင် US သို့​ရောက်ရှိမည်ဖြစ်ပြီး​ ၂၀၁၁ ခုနှစ်နောက်ပိုင်း​ တောင်ကိုးရီးယား​သမ္မတ​တစ်ဦး၏ ပထမဆုံး​ အမေရိကန်​ခရီးစဥ်​ဖြစ်သလို​ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်၇၀ပြည့်သည့်နှစ်လည်းဖြစ်သည်။

အမေရိကန်​အခြေစိုက်​Micron ကုမ္ပဏီ​ထုတ်​ ချစ်ပ်ပြားများသည်​ လုံခြုံရေး​စိတ်မချရမှုရှိသဖြင့် စုံစမ်း​မှုများပြုလုပ်ရန် စီစဥ်နေကြောင်း ပြီးခဲ့သည့်မတ်လတွင် တရုတ်ဆိုက်ဘာလုံခြုံရေးဌာနက.သတင်းထုတ်ပြန်ခဲ့ပြီး​ Micron​ ကလည်း​ တရုတ်အာဏာပိုင်များနှင့်​ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း​ ပြန်လည်တုံ့ပြန်ခဲ့သည်။

ဘေဂျင်းအနေဖြင့် အဆိုပါ​စုံစမ်း​စစ်ဆေးမှုအပြီးတွင် Micron​ ကို​အရေးယူ​ပိတ်ဆို့​မှုများ​ ပြုလုပ်ခဲ့​ပါက​ တောင်ကိုးရီးယား​ ချစ်ပ်ပြားကုမ္ပဏီများဖြစ်သော Samsung​ ​Electronic​ နှင့်​ SK Hynix တို့သည်​ တရုတ်စျေးကွက်သို့​ ချစ်ပ်ပြားရောင်းချခြင်းကို ကန့်သတ်ပေးရန်.ဝါရှင်တန်က တောင်းဆိုခဲ့ကြောင်း​ နီးစပ်သည့်သတင်း​ အရင်းအမြစ်များကိုကိုးကား၍ Financial​ Time​ သတင်းစာက​ ရေးသားခဲ့ခြင်းဖြစ်သည်။

အမေရိကန်​အိမ်​ဖြူ​တော်က.အဆိုပါသတင်းအပေါ် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့သော်လည်း  တစ်ပိုင်းလျှပ်ကူးပစ္စည်း​နှင့်​ ချစ်ပ်ပြားထုတ်လုပ်မှုများတွင် နှစ်နိုင်ငံ ပူးပေါင်းရင်းနှီးမြှပ်နှံရန်၊ နည်းပညာဖလှယ်မှုများ ပြုလုပ်ရန်​ တောင်<span;>ကိုးရီးယား​သမ္မတ၏ ခရီးစဥ်အတွင်း​ ဆွေးနွေး​မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်​သည်​ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာကိစ္စများတွင် အမေရိကန်​ချစ်ပ်ပြားနည်းပညာများကို​အသုံးမချနိုင်စေရန်အတွက် အမေရိကန်​အနေဖြင့်​ တရုတ်သို့​ချစ်ပ်ပြားတင်ပို့မှုများကို​ ထိန်းချုပ်ခဲ့သလို​ Micron၏ ပြိုင်ဘက်ဖြစ်သော​ တရုတ်​ချစ်ပ်ပြားကုမ္ပဏီ Yangtze Memory Technologies ကိုလည်း​ အမည်ပျက်စာရင်း​ တင်သွင်းထားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: SCMP

%d bloggers like this: