သမ္မတထရမ့်အစိုးရဟာ မနေ့ သောကြာနေ့မှာ တရုတ်နိုင်ငံနဲ့ တင်းမာနေမှုကို ဆက်လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်မိုဘိုင်းကုမ္ပဏီ Huawei ဆီကို ဝင်ရောက်နေတဲ့ ချစ်ပ်ပြားထုတ်လုပ်ရာ semiconductors တွေ ဝင်ရောက်ရာလမ်းကြောင်းကို အရေးယူပိတ်ဆို့သွားမယ်လို့ ကြေငြာခဲ့တာပါ။ အမေရိကန်စီးပွားကူးသန်းဌာနကတော့ သူတို့ဟာ ပို့ကုန်သွင်းကုန်စည်းမျဉ်းစည်းကမ်းတချို့ကို ပြင်ဆင်ရေးဆွဲနေပြီ အဓိကရည်ရွယ်ချက်ကတော့ အမေရိကန်နည်းပညာကုမ္ပဏီတွေ ထုတ်လုပ်တဲ့ ချစ်ပ်ပြားတွေကို Huawei ဆီတိုက်ရိုက် မရောင်းချနိုင်အောင်ပါ လို့ပြောကြားသွားပါတယ်။ တရုတ်အစိုးရကတော့ အမေရိကန်ရဲ့Huawei အပေါ် ဒီလိုပိတ်ဆို့မှုကို တုံပြန်တဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီ တချို့ကို “အယုံအကြည်မရှိ” စာရင်းထဲ ထည့်သွင်းသွားမယ်လို့ တရုတ်သတင်းစာ Global Time မှာဖော်ပြသွားတာပါ။
Global Time ကဖော်ပြချက်အရတော့ တကယ်လို့ တရုတ်က အမေရိကန်ကုမ္ပဏီတွေကို ဒီလိုစာရင်းသွင်းမယ်ဆိုရင် ထိပ်ဆုံးကပါမှာကတော့ မိုဘိုင်ဖုန်းကုမ္ပဏီ Apple Inc, ဖုန်း ချစ်ပ်ပြားတွေထုတ်လုပ်တဲ့ ကုမ္ပဏီ Qualcomm Inc နဲ့နည်းပညာကုမ္ပဏီ Cisco System Inc တို့ဖြစ်လောက်တယ်လို့ ထင်ကြေးပေးထားပါတယ်။ ဒီလိုစာရင်းသွင်းခံရပြီဆိုတာနဲ့ ဒီကုမ္ပဏီတွေဟာ တရုတ်အစိုးရဲ့ စုံစမ်းစစ်ဆေးမှုတွေရယ်၊ အရေးယူကန့်သတ်ချက်တွေရယ်ကို ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် ဘိုးရင်းကုမ္ပဏီက လေယဉ်ဝယ်ယူမှုတွကိုပါ ဆိုင်းငံ့သွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
ဒီဥပဒေသာ အသက်ဝင်လာမယ်ဆိုရင် ထိခိုက်မှု အကြီးအကျယ်ဖြစ်နိုင်တဲ့ နောက်ကုမ္ပဏီတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ထိုင်ဝမ်ရဲ့ Taiwan Semiconductor Manufacturing Co Ltd (TSMC) ဖြစ်ပြီး သူဟာ Huawei ရဲ့ HiSilicon unit တွေအတွက် semiconductor တွေအဓိကထုတ်လုပ်ပေးနေတဲ့သူလည်းဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနကနေ TSMCကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ကုမ္ပဏီဟာ ပြင်ပဥပဒေအကြံပေးအဖွဲ့တွေနဲ့ ဆွေးနွေးဖို့စတင်လုပ်ဆောင်နေပြီး ဒီဥပေဒေရဲ့ အကျိူးအပြစ်၊ အလားအလာတွေကို ဆန်းစစ်ဖို့အတွက် ကုမ္ပဏီတွင်းမှာလည်း အဖွဲ့ဖွဲ့စည်းနေပါတယ်လို့ ဖြေကြားသွားပါတယ်။
Huawei ကတော့ မနေ့ကအထိကို ပြန်လည်ပြောကြားချက် တစုံတရာမရှိသေးပါဘူး။ ဒါဟာ တရုတ်အစိုးရက တကယ်လို့သာ ဒီဥပဒေ အတည်ဖြစ်ရင် အမေရိကန်ကုမ္ပဏီတွေကို တန်ပြန်အရေးယူမဲ့ သတင်းထုတ်ပြန်ချက်ကြောင့် အစိုးရအာဘော်အတိုင်းပါပဲလို့ ပြောချင်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့ မေလကတည်းက အမေရိကန်အစိုးရရဲ့ နာမည်ပျက်စာရင်းမှာ ထည့်သွင်းခြင်းခံရပေမဲ့ ခုချိန်ထိ အမေရိကန်ကုမ္ပဏီတွေက နည်းပညာတွေရယ်၊ ချစ်ပ်ပြားတွေရယ်ကို မိုဘိုင်းဖုန်းထုတ်လုပ်မှုတွေမှာ ဆက်ပြီးအသုံးချနေသေးတာပါ။ တကယ်လို့သာ နောက်ပိုင်း ဥပဒေအတည်ပြုဖြစ်ခဲ့ရင် အမေရိကန်ကုမ္ပဏီပဲဖြစ်ဖြစ်၊ အမေရိကန်အခြေစိုက်နိုင်ငံတကာ ကုမ္ပဏီပဲဖြစ်ဖြစ် Huawei ကို စက်ပစ္စည်းအစိတ်အပိုင်း၊ နည်းပညာတွေ ရောင်းချမယ်ဆိုရင် အမေရိကန် စီးပွားကူးသန်းဌာနရဲ့ ခွင့်ပြုမိန့်လိုင်စင်ကို အရင်လျှောက်ရတော့မှာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Ecopetit
0