UK ကအသုံးပြုမည့် ကိုရိုးနားဗိုင်းရပ်ခြေရာခံမည့် app သည် သူကိုယ်တိုင် Privacy နှင့်ပတ်သက်၍ အားနည်းချက်များရှိနေသော်လည်း Apple နှင့် Google တို့ကမ်းလှမ်းထားသော Model နှင့် ကွဲပြားခြားနားမှုများရှိနေသည်။
UK ၏ကျန်းမာရေးဌာနကြီးဖြစ်သည့် NHS ကထုတ်လုပ်အသုံးပြုမည့် App တွင် users များက active လုပ်နေစရာမလိုပဲ iPhone များပေါ်တွင် ကောင်းကောင်း အလုပ်လုပ်မည့် ဆော့ဖ်ဝဲဟု ဆိုသည်။
App နှင့်ပတ်သက်၍ အခြားနိုင်ငံများရှိ အလားတူ app များကဲ့သို့ အားနည်းချက်များရှိသည်ဟု ဆိုသော်လည်း National Cyber Security Center မှကျွမ်းကျင်သူများက ပံ့ပိုးကူညီပေးထားသည်။
အင်ဂျင်နီယာများသည် ပြည်သူလူထု ကျန်းမာရေးအတွက် ဗိုင်းရပ်စ်ပျံ့ပွားမှု ဖြစ်စဉ်များကို ထောက်လှမ်းနိုင်သည့် အောင်မြင်သော App တခ ုအကောင်အထည်ဖော်နိုင်ရေးအတွက် များစွာသော အခက်အခဲများကိုရင်ဆိုင်နေရသည်။ အဆိုပါ App သည် ဖုန်း၏ ဘက်ထရီသက်တမ်းအား ထိခိုက်မှုမရှိစေပဲ ကောင်းကောင်းအလုပ်လုပ်နေမည်ဖြစ်သည်ဟု App ထုတ်လုပ်ရေး တာဝန်ရှိသူ တဦးကဆိုသည်။
Contact-tracing apps များသည် ဗိုင်းရပ်စ်ကူးစက်ခံရရန် risk များလာသည့် အခြေအနေရောက်ရှိလာလျှင် အလိုအလျောက် သတိပေးမည်ဖြစ်ပြီး ရောဂါကူးစက်ခံရပြီးကုသမှုခံယူခဲ့ဖူးသူနှင့် နီးကပ်စွာရောက်ရှိနေပါက ထိုသတိပေးသည့် စနစ်စတင်အလုပ်လုပ်မည်ဖြစ်သည်။
လူ ၂ဦးသည် ဝေးကွာရမည့်အကွာအဝေးထက် နီးကပ်စွာရောက်ရှိနေပြီး သတ်မှတ်ထားသည့် အချိန်တခုထက် ကြာနေပါက အချက်ပေးစနစ်ရောက်ရှိလာမည်ဖြစ်သည်။
User တဦးသည် ရောဂါကူးစက်ခံရဖူးသူအဖြစ် မှတ်တမ်းတင်ထားပါက အနီးအနားရှိလူအားလုံးထံသို့အလိုအလျှောက် သတိပေးအချက်ပြသည့်စနစ်ပေးပို့ခံရမည် ဖြစ်ပြီး လိုအပ်ပါက Quarantine ဝင်ရန် သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးရန် အကြံပေးစာလည်း ပါဝင်မည်ဖြစ်သည်။
အခြားနိုင်ငံများတွင် အသုံးပြုသည့်အတိုင်း Wireless Bluetooth နည်းပညာအား အသုံးပြုစေမည်ဖြစ်ပြီး centralized model ကိုအသုံးပြုထားကာ Server မှတဆင့် မည်သည့်ဖုန်းကိုပို့ပေးရမည်ကို ရှာဖွေဖော်ထုတ်ပေးမည်ဖြစ်သည်။ ယင်းစနစ်သည် Apple နှင့်Google တို့အသုံးပြုထားသည့် decentralized စနစ်နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။
Tech giants ကြီးများကတော့ သူတို့၏ စနစ်သည် Hacker နှင့် အာဏာပိုင်များက ဝင်ရောက်စွက်ဖက်မှုကို တားမြစ်ထားသဖြင့် Privacy ပိုမိုလုံခြုံမှုရှိသည်ဟု ယုံကြည်ထားကြသည်။ သို့သော် NHSX မှကျွှမ်းကျင်သူများကတော့ centralized စနစ်သည် Covid-19 ပျံ့နှံမှုကို ပိုမိုခြေရာခံနိုင်မည် ဟုဆိုသည်။ ထို့အပြင် သတိပေးအချက်ပြစနစ်အား ရောဂါကူးစက်ခံရရန် risk အလွန်များသည့် သူများကိုသာ အဓိကပစ်မှတ်ထားရှာဖွေမည် ဖြစ်သောကြောင့် ရောဂါပျံနှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထားကြသည်။
UK ၏ centralized စနစ်သည် decentralized ဒီဇိုင်းအသုံးပြုထားကြသော အခြားနိုင်ငံများဖြစ်သည့် ဆွီဇလန်၊ အက်စ်စတိုးနီးယားနှင့် သြစတြီးယား နိုင်ငံများနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ဂျာမနီနိုင်ငံသည် ယခင်က NHSX နှင့်တဖက်တည်းရှိခဲ့သော်လည်း decentralized စနစ်ကိုသာ ခိုင်မာစွာ ကျင့်သုံးတော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့သည်။
မည်သည့်စနစ်ကျင့်သုံးသုံး ဖုန်း၏ဘက်ထရီသက်တမ်းအား (အထူးသဖြင့် မော်ဒယ်ဟောင်းဖုန်းများ) ထိခိုက်ပါက App များသည် အကျိုးရှိမည်မဟုတ်ဟု DP3T ၏ ဒေါက်တာ Michael Veale ကသတိပေးထားသည်။
US ကုမ္ပဏီများကတော့ NHSX ၏အားထုတ်ကြိုးပမ်းမှုအား မဆန့်ကျင်ပဲ အင်္ဂလန်အသင်းအား ထောက်ခံအားပေးသော်လည်း US ၏စနစ်ကသာ ဘက်ထရီပါဝါစနစ်အား အကောင်းဆုံးထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
သြစတြေးလျနိုင်ငံသည် contract-tracing app နောက်ဆုံးထုတ်လုပ်အသုံးပြုသည့် နိုင်ငံဖြစ်ပြီး Apple ၏ ကန့်သတ်ချက်များအား ထောက်ပြခဲ့ဖူးသည်။ သူ၏ကိုယ်ပိုင်app တွင်လည်း ဘက်ထရီအားသုံးစွဲမှု အားနည်းချက်များရှိနေသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ
Source: BBC News