0

အနာဂတ်5G စီမံကိန်းမှ Huawei ကို ဘန်းလိုက်သည့် UK

Share

UK ကတော့ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း သူတို့ရဲ့ မြန်နှုန်းမြင့် ကြိုးမဲ့ 5G အင်တာနက်ကွန်ယက်တည်ဆောက်ရေး စီမံကိန်းမှာ Hiawei ကိုပါဝင်ခွင့်မပြုတော့ဘူးလို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။ ဒီလိုမျိုး ဇန်နဝါရီတုန်းက အတည်ပြုထားတဲ့ သဘောတူညီချက်ကို ပြောင်းပြန်လှန်လိုက်တဲ့ ကြေငြာချက်အပြီးမှာတော့ ယူကေအစိုးရဟာ အင်တာနက်တည်ဆောက်ရေး အော်ပရေတာတွေဖြစ်တဲ့ BT (British Telecom) နဲ့ Vodafone တို့ကို သူတို့ရဲ့ တည်ဆောက်ပြီးသား 5G ကွန်ရက်တွေထဲက ဟွာဝေးရဲ့ စက်ပစ္စည်းကိရိယာတွေကို ဖယ်ရှားဖို့ ၂၀၂၇ အထိ အချိန်ပေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယူကေရဲ့ နည်းပညာနဲ့ ယဉ်ကျေးမှုဝန်ကြီးကတော့ အမေရိကန်ရဲ့ ဟွာဝေးအပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ဒီလိုမျိုး ယူကေအတွက် ကြီးမားတဲ့ အပြောင်းအလဲ ဆုံးဖြတ်ချက်ကြီးကို ဖြစ်သွားစေတာပါလို့ ပြောပါတယ်။ အမေရိကန်လို နိုင်ငံကြီးတောင်မှ လုံခြုံရေးထိပါးပါတယ်လို့ အကြိမ်ကြိမ် အော်နေတဲ့အတွက် ယူကေအနေနဲ့လည်း အနာဂတ်မှာ ဟွာဝေးရဲ့ 5G ကွန်ရက်ထဲကစက်စ္စည်းတွေကို သုံးစွဲဖို့ အတွက် ယုံကြည်မှုမရှိတော့တာကြောင့် ဒီလိုတွေ ဖြစ်ကုန်တာလို့ ဝန်ကြီး Oliver Dowden က ပြောကြားခဲ့တာပါ။

ထရမ့်ဘက်တော်သားတွေ အတွက်ကတော့ ယူကေရဲ့ ဒီဆုံးဖြတ်ချက်ဟာ သူတို့ကို အောက်မြင်မှု ခြေတစ်လှမ်းတိုးစေတာပဲဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ သူတို့ရဲ့ မဟာမိတ်တွေကို ဟွာဝေးဟာ နိုင်ငံရဲ့ လုံခြုံရေးကို ထိပါးစေတဲ့ အတွက် မသုံးစွဲကြဖို့ တိုက်တွန်းနေခဲ့တာ ကြာပါပြီ။ အမေရိကန်ဟာ ဟွာဝေးကို အမျိုးမျိုး အရေးယူဖို့ ကြိုးစားခဲ့ပြီး ပြီးခဲ့တဲ့ မေမှာတုန်းက ပြုလုပ်ခဲ့တဲ့ ဟွာဝေးအပေါ် အမေရိကန်နည်းပညာသုံး ဘယ်ချစ်ပ်ပြားတွေကိုမှ မရောင်းချရဆိုတဲ့ အရေးယူ ပိတ်ဆို့မှုကတော့ ဟွာဝေးကိုတော်တော်လေး အထိနာစေပါတယ်။

ယူကေအနေနဲ့ကတော့ ဥရောပသမ္မဂကထွက်ပြီးနောက်ပိုင်း တရုတ်နဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံအဖြစ် ထူထောင်ဖို့ရည်မှန်းချက်ဟာ ဒီကိစ္စကြောင့် အဖုအထစ်တွေ ရှိလာခဲ့ပြီးပဲဖြစ်ပါတယ်။ ဒါ့အပြင် ခုလို ဟွာဝေးက ထုတ်တဲ့ ပစ္စည်းတွေကို အင်တာနက်စနစ်ထဲကနေ အကုန်ပြန်လဲမှာ ဖြစ်လို့ 5G ကွန်ရက် တစ်နိုင်ငံလုံး လွှမ်းခြုံဖို့ အရေးဟာလည်း တစ်နှစ်လောက် ထပ်နောက်ကျတော့မှာပါ။

ကာယကံရှင် ဟွာဝေးကတော့ အစိုးရထက် ပိုပြီး နစ်နာမှုတွေ နဲ့ ကြုံရဖို့ ရှိနေပါတယ်။ ဥရောပဟာ သူတို့ရဲ့ ဈေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းလောက်ကို ရှာပေးနေတဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ ဟွာဝေးဟာ သူတို့ရဲ့ ခြောက်လပတ် အစီအရင်ခံစာကို ပုံမှန်ထက်စောပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီထဲမှာဆိုရင် ကုမ္ပဏီဟာ ခုတည်းက ရောင်းအားကျဆင်းမှုတွေနဲ့ ကြုံနေရပြီး အဓိကကတော့ အမေရိကန်က ဂူဂဲအသုံးပြုခွင့်ကို ဟွာဝေးဖုန်းတွေမှာ ပိတ်လိုက်တာကြောင့် သုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှု လျှော့ကျကုန်တာကြောင့်ပါ။

ဟွာဝေးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ သူတို့ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ်လို့ ယုံကြည့်ချက်ရှိနေပြီး ဗြိတိန်ရဲ့ ဒီဆုံးဖြတ်ချက်အပေါ်ကိုတော့ အလွန်အမင်းစိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့ကတော့ ဒီဆုံးဖြတ်ချက်ဟာ နှစ်ဦးနှစ်ဘက်လုံးနစ်နာစေပြီး ယူကေအနေနဲ့ ရည်မှန်းထားတဲ့ အတိုင်း အင်တာနက်ကွန်ရက်လွှမ်းခြုံဖို့ နောက်ကျတော့မှာ ဖြစ်သလို ပစ္စည်းတွေ ပြန်လဲရတဲ့ အတွက် ကုန်ကျစရိတ်တွေလည်း ထောင်းဦးမှာပါ။ သူတို့ရဲ့ ဗြိတိန်က အနာဂတ်ဟာ တကယ်တမ်း စနစ်ရဲ့ လုံခြုံရေးကြောင့် မဟုတ်ဘဲ နိုင်ငံရေး ကစားကွက်တွေကြောင့် ပျက်စီးသွားရတာကိုတော့ စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN News
Photo: Wall Street Journal

%d bloggers like this: