0

Twitter မှ သူ၏ကုတ်များတွင် “Master” “Slave” “Blacklist” စသည့်စကားလုံးများ ဖယ်ရှား

Share

     အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးပြီးနောက်ပိုင်း လူမျိုးရေး ခွဲခြားမှုဖြစ်စေတဲ့ အသုံးအနှုန်းတွေ၊ ရုပ်ရှင်ကားတွေ၊ ကုန်ပစ္စည်းတံဆိပ်တွေကို ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်နဲ့လုပ်ဆောင်လာခဲ့ရာ ခုခါမှာတော့ နာမည်ကြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ဟာ သူ့ရဲ့ ပရိုဂရမ်ကုတ် အသုံးအနှုန်းတွေကို ပြောင်းလဲဖို့ ကြိုးစားလာတာပါ။ နှုတ်တစ်ရာ စာတစ်လုံးဆိုသလို စကားလုံးတွေရဲ့ သက်ရောက်မှုက ကြီးမားပါတယ်လို့ Twitter ရဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မိုက်ကယ်မွန်တာနိုက ပြောပါတယ်။ သူဟာ ဒီအပြောင်းအလဲကို စတင်ဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ အင်ဂျင်နီယာနှစ်ယောက်တည်းက တစ်ယောက်ဖြစ်ပြီး သူတို့ဟာ ဒီစကားလုံးတွေအစား ပိုပြီး ယေဘူယျဆန်တဲ့ ကုတ်အသုံးအနှုန်း၊ ဖွဲ့စည်းပုံတွေကို ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။
     ဒီ “Master” “Slave” “Blacklist” ဆိုတဲ့ ကုတ်စကားလုံးတွေဟာ အသုံးပြုလာတာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်ပြီး “Master” ဆိုတာ “Slave” ဆိုတဲ့ကုတ်တွေကို ထိန်းချုပ်နိုင်တဲ့ သတ်မှတ်ချက်တစ်ခုဖြစ်ကာ Blacklist ကတော့ ပရိုဂရမ်မာတွေ မနှစ်သက်တဲ့ ဝက်ဆိုက်တွေ၊ အိုင်ပီနံပါတ်တွေကို ဒီထဲထည့်ထားပြီး ပိတ်ထားလို့ရတဲ့ ဖွဲ့စည်းပုံတစ်ခုပဲဖြစ်ပါတယ်။ ခုခါမှာတော့ Twitter ဟာ “Master” နဲ့ “Slave” နေရာမှာ “Leader” & “Follower” ဒါမှမဟုတ် “Primary” & “Replica” ဆိုပြီးပြောင်းဖို့ စဉ်းစားနေပါတယ်။ “Blacklist” နေရာမှာလည်း “Denylist” လို့ ပြောင်းမှာဖြစ်ပြီး ဒီလိုပြောင်းလဲတာဟာ ဒေါ်လာများစွာကုန်ကျမှာဖြစ်သလို အချိန်လည်း ၁လ၊ ၂လလောက် ကြာမြင့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေတော့ သုံးသပ်ပါတယ်။
     အမေရိကန်ရဲ့ ဘဏ်ကြီးတစ်ခုဖြစ်တဲ့ JPMorgan Chase ကလည်း Twitter လိုပဲ သူတို့ရဲ့ ကုတ်တွေမှာ ပါဝင်တဲ့ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေကို ဖြုတ်ချသွားမှာလို့ ကြေငြာသွားပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ ဆော့ဝဲ ပရိုဂရမ်မာတွေ၊ ဆော့ဝဲဒီဇိုင်နာတွေ အသုံးများတဲ့ GitHub ဝက်ဘ်ဆိုက်ကလည်း သူရဲ့ ကုတ်စနစ်တွေထဲက Master ဆိုတဲ့ စကားလုံးတွေ ပြောင်းလဲတော့မယ်လို့ ကြေငြာသွားခဲ့ပြီး ဒီဝက်ဆိုဒ်ဟာ ကမ္ဘာတစ်ဝှမ်းက ပရိုဂရမ်မာပေါင်း သန်း၅၀လောက် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်လည်းဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN, BBC
Photo: ABC News

 

%d bloggers like this: