0

Twitter တွင် Tweet များကို အသံ (Voice Message Tweet) ဖြင့် စတင်ပြုလုပ်လာနိုင်ပြီ

Share

Social Media Platform ကြီး တစ်ခုဖြစ်သည့် Twitter သည် ၎င်း၏ Feature အသစ်ကို ယမန်နေ့က မိတ်ဆက်ခဲ့သည်။

ယခင်က Tweet များကို စာများ ၊ ဓာတ်ပုံများဖြင့်သာ ပြုလုပ်နိုင်ခဲ့ကြသော်လည်း ယခုအခါ အသံဖိုင်ဖြင့်ပြုလုပ်လာနိုင်ပြီဟု ပြောကြားခဲ့သည်။

သို့သော်လည်း Android များနှင့် အခြားသော OS များတွင် ရရှိဦးမည်မဟုတ်ဘဲ Apple Device များတွင်သာ အသုံးပြုလို့ရနေဦးမည်ဖြစ်သည်။

Apple Devices ကိုင်ဆောင်သူများတွင်Tweet အသစ် တစ်ခုပြုလုပ်ရာ၌ Button ဖြင့် အသံကို ထည့်သွင်းနိုင်သလို Camea App ကဖြစ်စေ ၊ Gallery App ကဖြစ်စေ အသံပါဝင်သော Tweet များကို ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။

အသံပါဝင်သော Tweet ( Voice Message Tweet ) များကို စက္ကန့်ပေါင်း ၁၄၀ (၂ မိနစ် စက္ကန့် ၂၀ ) ခန့်မျှ  ကြာမြင့်အောင် ပြုလုပ်နိုင်မည်ဟုလည်း သိရှိရသည်။

ဗီဒီယိုနှင့် လှူပ်ရှားနိုင်သော ရုပ်ပုံများသည် ရင်းနှီးပြီးဖြစ်ပြီး ယခုကဲ့သို့ အသံများ ထပ်မံထည့်သွင်းနိုင်လာ ခြင်းသည် နည်းပညာ တိုးတက်မှု တစ်ခုဖြစ်သည်ဟု Twitter မှ ပြောကြားခဲ့သည်။

လက်ရှိ Feature အသစ်သည် Android အသုံးပြုသူများထံတွင် မရရှိနိုင်သေးသော်လည်း မကြာမှီကာအတွင်း အသုံးပြုနိုင်စေရန် ကြိုးစားလျက်ရှိသည်ဟု သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: gsmarena, pocketlink, twitter
Photo Source: twitter

%d bloggers like this: