0

တိုယိုတာက ၂၀၂၆ တွင် လျှပ်စစ်ကားမော်ဒယ်သစ် ၁၀ မျိုးထုတ်မည်

Share

ဂျပန်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း တိုယိုတာသည် ၂၀၂၆ တွင် လျှပ်စစ်ကား အမျိုးအစားသစ် ၁၀ မျိုးကို မိတ်ဆက်သွားမည်ဖြစ်ပြီး ၁ နှစ်လျှင် အစီးရေ ၁.၅ သန်း ရောင်းချနိုင်ရန် ရည်ရွယ်နေသည်။
ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်ရေးလုပ်ငန်းကြီးသည် မျိုးဆက်သစ် လျှပ်စစ်ကားများ ရောင်းချရေးအတွက် အထူး စပါယ်ရှယ် အရောင်း team ကို ဖွဲ့စည်းသွားမည်ဟု အကြီးတန်းအမှုဆောင်အချို့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

တိုယိုတာ၏ ရင်းနှီးမြှုပ်နှံသူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအုပ်စုများက လျှပ်စစ်စွမ်းအင် အသုံးပြုကားများထုတ်လုပ်ရေးနှင့် ပတ်သက်၍ နှေးကွေးနေသော တိုယိုတာကို ဝေဖန်လျက်ရှိကြပြီး လျှပ်စစ်ကားဈေးကွက်တွင် အမေရိကန် Tesla ကုမ္ပဏီကို မယှဉ်နိုင်ဘဲရှိနေသည်ဟု ဆိုသည်။

လျှပ်စစ်ကားများကို လာမည့်နှစ် အနည်းငယ်အတွင်း ထုတ်ကုန်အဖြစ် တိုးချဲ့သွားမည်ဖြစ်သော်လည်း စွမ်းအင် ၂ မျိုး အသုံးပြုသည့် Hybrid အမျိုးအစားများလည်း ဆက်လက်ရှိနေမည်ဟု အမှုဆောင်ချုပ်ဖြစ်သူ ကိုဂျိ ဆာတို (Koji Sato) က ပြောကြားခဲ့သည်။

တိုယိုတာ၏ ထုတ်ပြန်ချက်များအရ ယခု ပထမ ၃ လပတ်ပတွင် အမေရိကန်ဈေးကွက်၌ အရောင်း ၉% လျော့ကျခဲ့ပြီး ပြိုင်ဘက် အမေရိကန်ကုမ္ပဏီ General Motors (GM) က အရောင်း ၁၈% တိုးတက်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Fleet World
Image: Fleet World

%d bloggers like this: