0

Tiktok ကိုဘန်းလို့ တရုတ်-အမေရိကန်တင်းမာမှု ပိုဆိုးလာမည်ဟု ကျွမ်းကျင်သူများဆို

Share

အမေရိကန်က Tiktokကိုဘန်းထားတာကြောင့် ဝါရှင်တန်နှင့်ဘေဂျင်း အချင်းချင်းဆက်ဆံရေး ပိုမိုဆိုးရွားလာလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံရေးသုံးသပ်သူများက မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး နည်းပညာလော၌ လူကြိုက်များရေပန်းစားလွန်းလှသော တရုတ်ပိုင် Tiktok application အသုံးပြုမှုအား တားမြစ်ပိတ်ပင်ခြင်းသည် ဆိုးရွားနေပြီးဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုဆိုးစေလိမ့်မည်ဟု National University of Singapore (NUS) မှလက်ထောက်ဒါရိုက်တာ Dr. Chen Gang ကဆိုသည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် အမေရိကန်က တရုတ်နည်းပညာများပိတ်ဆို့အရေးယူသကဲ့သို့ အခြားတရုတ်နည်းပညာပလက်ဖောင်းများဖြစ်သည့် WeChat (သို့မဟုတ်) Alibaba သည်လည်း အလားတူပြဿနာများ ရင်ဆိုင်ရဖွယ်ရှိသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က TikTok CEO ဖြစ်သူ Chew Shou Zi သည်အမေရိကန် စွမ်းအင်နှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီရှေ့တွင် ငါးနာရီကျော်ကြာ ထွက်ဆိုခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးရှိနေသည့် ယင်းစင်ကာပူနိုင်ငံသားသည် အမေရိကန် App သုံးစွဲသူ သန်း ၁၅၀၏ ဒေတာများကို အသုံးချမည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

တရုတ်နိုင်ငံသည် ဘယ်သောအခါမှ အခြားတိုင်းပြည်၏ ဒေတာများ စုဆောင်းရန် မည်သည့်ကုမ္ပဏီ (သို့မဟုတ်) တစုံတယောက်ကိုမျှ ခိုင်းစေထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNA
Photo: Getty Images

%d bloggers like this: