0

နည်းပညာမြင့် Solar Panel များ Tesla မှ ထုတ်လုပ်လာ

Share

Tesla ကုမ္ပဏီသည် လျှပ်စစ်စွမ်းအင်သုံး ကားများကိုသာ အဓိက ထုတ်လုပ်သည် မဟုတ်ဘဲ အခြားသော နေရောင်ခြည်စွမ်းအင်သုံး (Solar system) ထုတ်ကုန်များကိုလည်း ထုတ်လုပ်လျှက်ရှိပြီး ယခုအခါ မြင်ဖူးနေကြ အိမ်ခေါင်မိုးများ အသွင်ဖြင့် ပိုမိုဆန်းသစ်သော Solar ပြားများ ကို ထုတ်လုပ်လာပြီဟု သိရှိရသည်။

ယခင် ဆိုလာပြားများထက် စွမ်းအင် ပမာဏ ၁၀% ခန့်ပိုမို စွမ်းဆောင်နိုင်ပြီး ကုန်ကျစရိတ် မှာလည်း ယခင်ကထက်များစွာ သက်သာလာပြီဟုလည်း သိရသည်။

ယခုကဲ့သို့ စျေးနှုံး သက်သာလာပြီး စွမ်းဆောင်ရည် မြင့်မားလာသော်လည်း ယခင်က ဒီဇိုင်းပုံစံများနှင့် အရွယ်အစားတို့မှာ ပြောင်းလဲခြင်းမရှိဘဲ တိုးတက်ကောင်းမွန် လာခြင်းသည် များစွာ အထင်ကြီးစရာကောင်းလာပြီဖြစ်ကြောင်းလည်း ကြားသိရသည်။

အမေရိကန် အခြေစိုက်သတင်းဌာန တစ်ခုဖြစ်သည့် Electrek ၏ ပြောကြားချက်အရ Tesla သည် ၎င်း၏ အလယ်လတ် အဆင့်ရှိ solar panel အမျိုးအစား မှာ အဆင့်မြှင့်တင်ခြင်းမပြုမှီ ယခင်က 7.56 kW ထွက်ရှိသော်လည်း ယခု အခါ 8.16 kW အထိရရှိလာပြီဖြစ်သည်။

ကုန်ကျစရိတ်မှာလည်း ယခင်က အမေရိကန် ဒေါ်လာ ၁၉၅၀၀ မှ ယခုအခါ ၁၆၀၀၀ အထိ ကျဆင်းသွားကာ ရာခိုင်နှုံးအားဖြင့် ၁၇% ပိုမိုသက်သာလာပြီဖြစ်သည်။

ထိုကြောင့် စျေးနှုံးကျဆင်းခြင်းနှင့်အတူ စွမ်းဆောင်မြင့်မားလာသည့် ဆိုလာပြားများသည် အိမ်ပိုင်ရှင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်ကို ပိုမိုသုံးစွဲချင်လာအောင် များစွာဆွဲဆောင်နိုင်ခဲ့သည် ဟုလည်း သိရှိရသည်။

ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။

Source : Engadget, Tesla
Photo Source : energysage

%d bloggers like this: