ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ရေတွက်ထားမှုများအရ ကမ္ဘာတဝှမ်း နည်းပညာကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှုစုစုပေါင်းသည် ၆၅,၀၀၀ ကျော် ရှိလာနေပြီး ယင်းတို့အထဲတွင် နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft, Google တို့လည်း ပါဝင်နေသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ရှေ့လာမည့်ကာလများတွင် (၃ လပတ်ကာလ ၂ ကြိမ်ဆက်တိုက် ၆ လကြာ စီးပွားရေးကျဆင်းမှု) Recession ဖြစ်မည်ကို စိုးရိမ်မှုများရှိနေ၍ ဝန်ထမ်းလျှော့ချမှုမှာ အရှိန်မြင့်လာနေသည်။
Google မိခင်ကုမ္ပဏီ Alphabet က ၎င်းတို့ဝန်ထမ်းစုစုပေါင်း၏ ၆% ဖြစ်သော ၁၂,၀၀၀ ခန့်ကို လျှော့ချမည်ဟု ကြေညာထားသည်။
Microsoft ကုမ္ပဏီကလည်း လာမည့် တတိယ ၃ လပတ်တိုင်အောင် ဝန်ထမ်းဦးရေ ၁၀,၀၀၀ အထိ လျှော့ချသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
အွန်လိုင်းဈေးဝယ်ရောင်းလုပ်ငန်း Amazon က ဝန်ထမ်းဦးရေ ၁၈,၀၀၀ လျှော့ချမည်ဖြစ်ကာ ထိုအထဲမှ အိန္ဒိယရှိလုပ်ငန်းခွဲမှ ဝန်ထမ်း ၁,၀၀၀ လည်း ပါဝင်သည်။
ဇန်နဝါရီလအတွင်း ဝန်ထမ်းလျှော့ချသည့် ထိပ်သီးကုမ္ပဏီကြီးများတွင် Salesforce ကုမ္ပဏီက ဝန်ထမ်း ၈,၀၀၀ ၊ Amazon ၊ လူမှုမီဒီယာ တွစ်တာ၊ ဒစ်ဂျစ်တယ်ငွေကြေးပလက်ဖေါင်း Coinbase က ဝန်ထမ်း ၉၅၀ ၊ Facebook – Meta ၊ Google – Alphabet ၊ ဘဏ္ဍာရေးလုပ်ငန်းကြီး Goldman Sachs က ဝန်ထမ်း ၃,၂၀၀ ၊ Smart News, Microsoft စသည်တို့ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ အတွင်းကမူ နည်းပညာဆိုင်ရာဝန်ထမ်းများ ကမ္ဘာတဝှမ်း ၂ သိန်းနီးပါ အလုပ်ရပ်နားခံခဲ့ရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Tech Co, EuroNews, Crunchbase
Image: Time News