UKတွင် ပေါင် ၄ဘီလီယံ တန်ကြေးရှိ ဘတ္တရီစက်ရုံတည်ဆောက်မည့် TATA ကုမ္ပဏီ

Share

လျှပ်စစ်ကားများနှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် လစ်သီယမ်အိုင်းရင်း ဘတ္တရီများထုတ်လုပ်ရန်UKတွင် ပေါင် ၄ဘီလီယံတန်ကြေးရှိ စက်ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သည့် TATA ကကြေငြာခဲ့သည်။

အဆိုပါ ပရော့ဂျက်ကို TATA လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော TATA Sons ကုမ္ပဏီက ဦးစီးသွားမည်ဖြစ်ပြီး ဥရောပ၏ အကြီးဆုံးသော ဘတ္တရီကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာမည်ဖြစ်သည်။

ယခုပရော့ဂျက်သည် ၎င်းတို့ပိုင် Jaguar Land Rover ကားကုမ္ပဏီအတွက် လိုအပ်သည့် ဘတ္တရီများသာမကUK လျှပ်စစ်ကားကဏ္ဍအတွက် လိုအပ်သည့် ဘတ္တရီများကိုပါ ဖြည့်စည်းပေးနိုင်မည်ဖြစ်ပြီး TATA ကော်ပိုရေးရှင်း၏ သန့်ရှင်းသောစွမ်းအင် မူဝါဒအတွက် အကောင်းဆုံး ခြေတလှမ်းဖြစ်ကြောင်း TATA Sons ဥက္ကဌကပြောကြားခဲ့သည်။

TATA အနေဖြင့် UK တွင် နည်းပညာကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ သံမဏိ၊ ဓါတုဗေဒနှင့် မော်တော်ကားထုတ်လုပ်ရေးကဏ္ဍ အစရှိသည်တို့တွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားရှိခဲ့ပြီး ယခု ရင်းနှီးမြှပ်နှံမှုဖြင့် ထပ်လောင်း အားဖြည့်သွားမည်ဖြစ်ကြောင်းနှင့် အနီးကပ်အကူအညီများပေးခဲ့သည့် UK အစိုးရကိုလည်း ကျေးဇူးများစွာတင်ရှိကြောင်းTATA Sons ဥက္ကဌကထပ်လောင်း ပြောကြားခဲ့သည်။

TATA group အနေဖြင့် အိန္ဒယ၏ ပြင်ပတွင် ပထမဆုံးဖြစ်လာမည့် Gigafactory ကြီးကို UK တွင် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် အကြီးမားဆုံး ဆုံးဖြတ်ချက်ကြီး ဖြစ်ပြီး UK မော်တော်ကားထုတ်လုပ်ရေးကဏ္ဍတွင်ပမာဏအများဆုံးသော ရင်းနှီးမြှပ်နှံမှု ဖြစ်ကြောင်း UK ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။

ယခုစက်ရုံပြီးစီးပါက UK အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ထောင်ချီ၍ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၂၀၂၆တွင် ထုတ်လုပ်မှုစတင်နိုင်ရန် ရည်မှန်းထားကာ အရည်အသွေးကောင်း၊ စွမ်းဆောင်ရည်ကောင်းသည့် ဘတ္တရီများကို လျှပ်စစ်ကားများအတွက်သာမက ကဏ္ဍစုံအတွက် ထုတ်လုပ်သွားမည်ဟု သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: EVreporter, Financial Times

Photo: Gulf News

%d bloggers like this: