Andrew Walz ဆိုသူက Rhode Island ကိုယ်စားပြု Republican အမတ်လောင်းတဦး ဖြစ်ပြီး သူ့ကိုယ်သူ “စီးပွားရေးခေါင်ဆောင်တဦး”၊ “ကျောင်းသားတွေအတွက် ရပ်တည်ပေးသူတဦး” လို့ ခေါ်ဆိုထားကာ သူ့ရဲ့twitter account ခေါင်းစီးမှာလဲ “Let’s make change in Washington together” ဆိုပြီး ကြွေးကျော်ထားသူဖြစ်ပါတယ်။
မကြာသေးခင်က Walz ရဲ့twitter account ဟာ blue checkmark တခုကိုလဲ ရရှိခဲ့ပါတယ်။ ဒီလို blue mark ကို Twitter Users တွေထဲကမှ တကယ့် နိုင်ငံရေး အဖွဲ့ဝင်တွေ၊ ပါတီကိုယ်စားလှယ်လောင်းတွေ၊ အမတ်လောင်းတွေအတွက် သီးသန့်အသိအမှတ်ပြုပေးထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြသာနာ အကြီးကြီးတခု ရှိနေပါတယ်။ ဘာလဲဆိုတော့ Walz ဟာ တကယ်မရှိလို့ပါပဲ။ တကယ့်လူအစစ်က ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားလေး တဦးသာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Blue checkmark ကို ဂျာနယ်လစ်၊ နိုင်ငံရေးသမားများ၊ အစိုးရဌာန ဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းရှင်တွေကို အဓိကပေးခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ user တွေကို ယုံကြည်ရတဲ့ သတင်းမှန်တွေ Sources တွေကို အလွယ်တကူရှာဖွေနိုင်အောင်လို့ ဖြစ်ပါတယ်။ Blue checkmark ဟာ Twitter ကစတင်ပြုလုပ်ခဲ့တဲ့ သီးသန့်အမှတ်အသားတခုဖြစ်ပြီး နောက်ပိုင်းမှာမှ Facebook ကကူးယူလိုက်လုပ်ခဲ့တာပါ။
Account တုပြုလုပ်ခဲ့သူ ကျောင်းသားလေးကတော့ သူရဲ့ သမိုင်း စာသင်ချိန်အတွင်း ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲအတွင်း Russia က ဝင်ရောက်စွက်ဖက်ပုံကို သင်ကြားခဲ့ရရာမှ Social Media Platforms တွေဟာ ရွေးကောက်ပွဲတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိကြောင်း စိတ်ဝင်စားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ ထို့နောက် ဒီစိတ်ကူးကို အကောင်အထည်ဖော်ကြည့်ဖို့အတွက် တကယ်မရှိတဲ့ လူတယောက်ရဲ့ဓါတ်ပုံကို အသုံးပြုပြီး အချက်အလက်အတုတွေကို ထည့်သွင်းကာ twitter account တခုဖွင့်ခဲ့ကြောင်း ပြောခဲ့ပါတယ်။
ကျောင်းသားလေးကတော့ fake account တခုကို အလွယ်တကူပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင် blue checkmark ရဖို့ မတောင်းဆိုပဲ Twitter ကလာပေးသွားခဲ့တာလဲဖြစ်ပါတယ်။ Twitter ရဲ့ပြောရေးဆိုခွင့်ရသူတဦးကတော့ “မရှိတဲ့ အမတ်လောင်းတယောက်ကိုမှ မှားယွင်းပြီး အသိအမှတ်ပြုပေးလိုက်တာ အဆိုးဆုံး case တခုပါပဲ” လို့ပြောပါတယ်။ CNN က fake account အကြောင်း သတင်းပို့ပြီးနောက်မှာတော့ Twitter က ၎င်း အကောင့်တုကို ဖြုတ်ချပစ်ခဲ့ပါတယ်။
“အကောင့်တု လုပ်လိုက်တာဟာ ကျွန်တော်မှာ ဆိုးရွားတဲ့ ရည်ရွယ်ချက်မှတော့ မရှိပါဘူး။ ဖြစ်လာနိုင်တဲ့ အရာတခုကို စမ်းသပ်ကြည့်ရုံပါ။ ခုတော့ Twitter အနေနဲ့ သူ့ရဲ့အားနည်းချက်ကို သိရှိသွားပြီး အကောင့်တုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အဖြေကို ရရှိသွားပြီပေါ့။ ဒါတောင်ကျွန်တော်က ၁၇ နှစ် အထက်တန်း ကျောင်းသားလေး တယောက်ပါ။ ကျွန်တော့နေရာမှာ သေချာလေ့ကျင့်ထားတဲ့ လူတဦး ဖြစ်နေရင် ဘယ်လောက် အန္တရာယ်များမလဲ တွေးကြည့်ပါဗျာ” လို့ ကျောင်းသားလေးက ပြောခဲ့ပါတယ်။
ဒီလို အကောင့်တုကိုတော့ Blue mark ပေးခံရတဲ့ သတင်းထွက်လာပြီးနောက်မှာတော့ တကယ့် အမတ်လောင်းတွေ၊ ကိုယ်စားလှယ်လောင်း အစစ်တွေ ဖြစ်ပေမဲ့ verification အလုပ်မခံရတဲ့ သူတွေဆီနေ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ Georgia မှ ပါဝင်ယှဉ်ပြိုင်သူ Democratic အမတ်လောင်း တဦးကတော့ သူမရဲ့account ဟာ blue mark မရှိသေးတဲ့အတွက် စည်းရုံးရေးလှုံဆော်ဖို့ campaign တွေအတွက် အွန်လိုင်းမှ ရံပုံငွေရှာရာမှာ ထိခိုက်နစ်နာမှုတွေ ရှိကြောင်း ပြောခဲ့ပါတယ်။
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Twitter နဲ့အခြား social media platform များဟာ များစွာသော သတင်းအတု၊ အကောင့်တုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြသာနာနဲ့ရင်ဆိုင်နေရပါတယ်။ US Intelligence community ကတော့ “Russia အပါအဝင် အမေရိကန် မီဒီယာနဲ့ ကြော်ငြာသမားတွေဟာ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လို ဝင်စွက်ဖက်ရမလဲ ဆိုတာ ရှာဖွေနေကြပါတယ်။ ပြီးတော့ သူတို့က တကယ့် သရုပ်ဆောင်ကောင်းပြီး ဉာဏ်ရည်မြင့်တဲ့ သူတွေပါ” လို့ပြောကြားခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။