0

Sony က Fortnite ဂိမ်းထုတ်လုပ်သူ Epic Games တွင်ဒေါ်လာသန်း၂၅၀ ရင်းနှီးမြှုပ်နှံ

Share

Fortnite ဂိမ်းထုတ်လုပ်သူ Epic Games ထံတွင် Sony ကဒေါ်လာ သန်း၂၅၀ ရင်းနှီးမြှပ်နှံလိုက်သောကြောင့် ဂျပန်ကုမ္ပဏီကြီးက ရှယ်ယာ ၁၄% ပိုင်ဆိုင်လာခဲ့သည်။

ကုမ္ပဏီများက ၎င်းတို့သည် ယခင်ကတည်းကရင်းနှီးကျွမ်းဝင်မှုရှိကြပြီး ယခုသဘောတူညီချက်သည် တရားဝင်ဖြစ်ရန် ဆောင်ရွက်နေဆဲအခြေအနေတွင်ရှိကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီနှစ်ခုစလုံးက ဗီဒီယိုဂိမ်းလောကတွင် တိုးချဲ့ဖန်တီးမှုများစွာပြုလုပ်ခဲ့ကြသူများဖြစ်သည်။

Sony တွင် PlayStation Now ကဲ့သို့ cloud ဂိမ်းဆားဗစ်၊ အသစ်ထွက်ရှိတော့မည့် PlayStaion 5 နှင့် အခြားသီးသန့်ဂိမ်းများလည်းရှိနေသည်။ ထို့ပြင် Fornite ကိုဖန်တီးနေသည့် Epic ကလည်း အောင်မြင်မှုများစွာရရှိနေသော ဂိမ်းစတိုးများလည်ပတ်နေပြီး Epic ကတည်ထောင်ထားသည့် ဂိမ်းအင်ဂျင်ကြီး Unreal Engine လည်းရှိသည်။

Epic ၏ အင်အားအကောင်းဆုံးနည်းပညာဖြစ်သည့် ဂရပ်ဖစ်နှင့် အခြားဖန်တီးမှုအသစ်များကို Unreal Engine ဂိမ်းအင်ဂျင်နဲ့ရှေ့တန်းတွင်ပါဝင်ကြောင်း Sony ၏ CEO Kenichiro Yoshida ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Fornite ကဲ့သို့ ပြန်လည်ဆန်းသစ်မှုအားကောင်းသည့် ဖျော်ဖြေမှုမျိုး ဘယ်နေရာမှမရှိဟုလည်း ချီးကျူးဖော်ပြထားသည်။

ဆက်လက်၍ ယိုရှီဒါက ယခုပူးပေါင်းဆောင်ရွက်မှုသည် ဂိမ်းလောကတွင်သာမက ဒီဂျစ်တယ်ဖျော်ဖြေရေးကဏ္ဍတွင် ပိုမိုလျှင်မြန်သော ပြောင်းလဲမှုအသစ်များပေါ်လာလိမ့်မည်ဟု ဆိုထားသည်။

Epic Games တည်ထောင်သူ Tim Sweeney က ၂ဖက် ကုမ္ပဏီစလုံးသည် ဂိမ်း၊ ရုပ်ရှင်နှင့် ဂီတတို့တွင်လည်း 3D ခံစားမှုရသကိုပေးစွမ်းရန် အတူလုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Epic Games က တန်ကြေးမည်မျှရှိနေသည်ကိုတော့ ထုတ်ဖော်ပြောကြားသွားခဲ့ခြင်းမရှိပေ။

Source: CNN Business
Photo: ESTNN

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: