iPhone အသစ်ထွက်တိုင်း ဘယ်နိုင်ငံကိုပဲကြည့်ကြည့် ဝယ်ယူဖို့စောင့်ဆိုင်းနေတဲ့ ရှည်လျားလှတဲ့ လူတန်းရှည်ကြီးနဲ့အတူ မမောနိုင်မပန်းနိုင် အကြာကြီးတန်းစီနေတဲ့လူတွေဆီမှာ အကြောင်းပြချက် အချို့ရှိပါတယ်။ iPhone ရဲ့operating system (OS) ကိုဖန်တီးသူ Mr Kourouche ဆိုသူက လူပေါင်းများစွာဟာ iPhone အသစ်ကို ပထမဆုံးကိုင်ရဖို့သြစတျေးလျနိုင်ငံဆီ အဝေးကြီးက လာလေ့ရှိပါတယ်။ iPhone အသစ်ကို launch လုပ်ဖို့Apple store တွေဖွင့်တဲ့အချိန်ဟာ နိုင်ငံရဲ့စံတော်ချိန်အရ အစောဆုံးဖြစ်နေတာကြောင့်ပါလို့ ဆိုပါတယ်။
ဒီနှစ်အခြေအနေကတော့ အရင်နှစ်တွေနဲ့ကွဲပြားနိုင်ချေရှိပါတယ်။ COVID-19 ကြောင့် အခြားစီးပွားရေးလုပ်ငန်းလိုပဲ Apple ကလဲ နိုင်ငံအသီးသီးက Apple stores အားလုံးကို ပိတ်ထားရပြီး ဘယ်အချိန်မှာပြန်ဖွင့်နိုင်မလဲဆိုတာကို ဘယ်သူကမှမပြောနိုင်သေးပါဘူး။ UK နိုင်ငံမှာတော့ အစိုးရက အရင်လိုပြန်ဖြစ်ဖို့၃လမှ၆လအတွင်း ကြာမြင့်မယ်လို့ပြောထားပါတယ်။
ယခုထွက်ရှိလာမဲ့ iPone 12 မှာတော့ phone network ကိုပိုမိုမြန်ဆန်စေမယ့် 5G technology ကို ပထမဆုံး အသုံးပြုထားတာကြောင့် Apple အနေနဲ့သူ့၏စာမျက်နှာသစ်ကို ဖွင့်လှစ်ဖို့တာစူလျက်ရှိပါတယ်။ သို့သော်လည်း launch လုပ်မယ့်ရက်ဟာ အရင်အဆိုပြုထားတဲ့ရက်ထက် အများကြီး နောက်ကျနိုင်ချေရှိတယ်လို့ဆိုနေကြပါတယ်။ ဒါဟာ iPhone မှမဟုတ်ပါဘူး Samsung ကဲ့သို့အခြား mobile phone brand များစွာ ရင်ဆိုင်ကြုံတွေ့နေရတာပါ။
Smartphone တွေရဲ့၇၀%လောက်ကို တရုတ်ပြည်မှာ ထုတ်လုပ်နေပြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေအတွက် တရုတ်နှင့် တောင်ကိုရီးယားက စက်ရုံတွေကို မှီခိုအားထားနေရတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါဒဏ် အခံရဆုံးဖြစ်တဲ့ တရုတ်နှင့် တောင်ကိုရီးယားကြောင့် supply chain တွေအပေါ်အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။
တောင်ကိုရီးနိုင်ငံ ဒယ်ဂူမြို့ဟာ ဗိုင်းရပ်စ်စတင်ပျံ့ပွားတဲ့နေရာဖြစ်ပြီး smartphone အစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့စက်ရုံနဲ့ မိနစ် ၂၀မျှသာ ကွာဝေးပါတယ်။
Supply နဲ့ demand ပဲကျသွားတာမဟုတ်ပဲ တရုတ်သို့ smartphone တင်ပို့မှု ၄၀%ထိကျဆင်းခဲ့တယ်လို့ research firm တခုဖြစ်တဲ့ IDC ကဆိုပါတယ်။ တရုတ် customers တွေဟာ အရင်နှစ်ကထက် ဖုန်းဝယ်ယူမှု ၃၃ သန်း လျော့ကျလိမ့်မယ်လို့ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အနောက်ဥရောပနှင့် အမေရိကမှာလဲ သိသိသာသာကျဆင်းလိမ့်မယ်လို့ဆိုပါတယ်။
ရှိပြီးသားဖုန်းတွေရဲ့ရောင်းအားကျဆင်းသွားခြင်းသာမကပဲ အသစ်ထွက်မဲ့ smartphone ဝယ်လိုအားကျဆင်းမှုက Apple နှင့် Android device ကုမ္ပဏီတွေကို ပိုပြီးစိုးရိမ်ပူပန်မှုတွေဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အသစ်ထွက်တဲ့ဖုန်းမှ ရရှိတဲ့ဝင်ငွေဟာ ကုမ္ပဏီတွေက အဓိကအားထားရတဲ့ ဝင်ငွေလမ်းကြောင်းကြီး ဖြစ်နေတာကြောင့်ပါ။
ဖုန်းမှာထည့်သွင်းတပ်ဆင်ရတဲ့အစိတ်အပိုင်းများစွာ ပါဝင်တာကြောင့် Smartphone ထုတ်လုပ်ရေးဟာ ရှုပ်ထွေးပါတယ်။ ပြည့်စုံတဲ့ဖုန်းတလုံးဖြစ်လာဖို့ နိုင်ငံ၄၀ကျော်လောက်က မတူညီတဲ့ အစိတ်အပိုင်းများစွာကို စုစည်းဖို့လိုပါတယ် လို့Gaurav ကပြောပါတယ်။
Design work အများစုက social contact ရှိဖို့လူတဦးနှင့် တဦး ထိတွေ့ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ research တို့အစိတ်အပိုင်းတခု ဖန်တီးဖို့development work တို့မှာတော့ အလုပ်လုပ်သူတွေကို အိမ်ပြန်လွှတ်ဖို့မဖြစ်နိုင်ပါဘူး လို့research firm Forrest မှ analyst ဖြစ်သူ Frank Gillett ကဆိုပါတယ်။
“ဖုန်းတလုံးမှာ အရေးအကြီးဆုံးက hardware မဟုတ်ပါဘူး။ software ဖြစ်ပါတယ်။ ဖုန်းအသစ်တခုမထွက်ခင် Testing တို့စစ်ဆေးတာမျိုး လုပ်တဲ့အခါ ဖုန်းလောကရဲ့သဘောသဘာဝကိုက နည်းပညာလျှို့ဝှက်ချက် မပေါက်ကြားစေဖို့နှင့် လုံခြုံရေး ကာကွယ်ဖို့အတွက် အိမ်ကိုပေးလိုက်ပြီး စစ်ဆေးခိုင်းဖို့ အဆင်မပြေပါဘူး” လို့ သူဆိုပါတယ်။
နောက်ပြဿနာ တရပ်ကတော့ ပစ္စည်းဖြန့်ဖြူးဖို့အတွက် ကုန်သွယ်ရေး လေကြောင်းလိုင်းတွေ ရပ်နားထားတာကြောင့် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အချိန်မီမရရှိတာ၊ လက်လီအရောင်းဆိုင်တွေဆီ အရောက် ပစ္စည်းမပို့ပေးနိုင်တာတွေ ကြုံတွေ့နေရပါတယ်။ တရုတ်စက်ရုံတွေ ပိတ်လိုက်တဲ့ အကျိုးဆက်တွေဟာ smartphone industry တခုလုံးအပေါ် ခန့်မှန်းထားတာထက်ပိုပြီး ကြီးမားတဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
Smartphone brands အကြီးစားတွေကတော့ သူတို့ရဲ့ဖုန်းဈေးနှုန်းကို ပြောင်းလဲတာမျိုး မပြုလုပ်လောက်ဖူးလို့Forrester ကခန့်မှန်းထားပါတယ်။ “ဈေးကတော့ကျသွားဖို့မရှိပါဘူး။ ဒါပေမဲ့ ဝယ်လိုအားမရှိရင်တော့ ဗျူဟာအသစ်တခုတော့ချဖို့လိုအပ်ပါတယ်” လို့ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် Apple ပင်တိုင် fans တွေကတော့ Apple အပေါ် သစ္စာရှိနေဦးမှာဖြစ်ပါတယ်။
“ကျွန်တော်ကတော့ ဗိုင်းရပ်စ်ကြောင့် လူတွေရဲ့စိတ်ဝင်စားမှု ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ထင်တယ်။ ခုလောလောဆယ်တော့ လူတွေစိတ်အဝင်စားဆုံးက အိမ်သာသုံး စက္ကူလိပ်တွေ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အခြေအနေတွေ နဂိုအတိုင်းပြန်ဖြစ်လာတဲ့အခါ လူတွေရဲ့အာရုံစိုက်မှုက iPhone ဆီပြန်ရောက်လာမှာပါ” ဟု Mr Kourouche ကဆိုပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News