စင်ကာပူတွင် ကျောင်းဆရာ၊ဆရာများအား video-conferencing tool ဖြစ်သည့် Zoom အသုံးပြုမှုအား တားမြစ်ထားသည်။
နိုင်ငံအများအပြားတွင် lockdown ချထားစဉ်ကာလတွင် အိမ်မှအလုပ်လုပ်သူများ၊ အစည်းအဝေးပြုလုပ်သူများနှင့် အွန်လိုင်းမှ သင်ခန်းစာများ ပို့ချသင်ကြားပေးသူများအကြားတွင် Zoom application သည် ရုတ်တရက် အသုံးပြုသူမြင့်တက်လာခဲ့ပြီး အောင်မြင်မှုရရှိလာသည်။ သို့သော်လည်း လုံခြုံရေးအားနည်းချက်များကြောင့် ဝေဖန်မှုများထွက်ပေါ်နေချိန်တွင် စင်ကာပူ၌ အွန်လိုင်းကျောင်းသင်ခန်းစာ ပို့ချနေချိန်တွင် hackers များမှ ညစ်ညမ်းပုံများပေးပို့သည့်အဖြစ်အပျက်တခုကြောင့် Zoom အသုံးပြုမှုအား တားမြစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကိုရိုးနားဗိုင်းရပ်ရောဂါကြောင့် စင်ကာပူနိုင်ငံအား Lockdown ပြုလုပ်သည့် ပထမရက်သတ္တပတ်အတွင်း ဆယ်ကျော်သက် မိန်းကလေးများအား ပထဝီသင်ခန်းစာ ပို့ချနေစဉ်အမည်မသိ အမျိုးသားများကြောင့် screen ပေါ်တွင် ညစ်ညမ်းပုံများနှင့် ညစ်ညမ်း comment များပေါ်လာခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ ထိုအဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
“ဒါဟာအလွန် ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ”ဟု စင်ကာပူ ပညာရေးဌာနမှ Aaron Loh ကမှတ်ချက်ပြုခဲ့သည်။ ကျောင်းဆရာ၊ဆရာမများအား application အသုံးပြုသည့်အခါတွင် လုံခြုံမှုရှိသော log-in ပြုလုပ်ရန်နှင့် meeting ပြုလုပ်မည့် link အား ကျောင်းသားများမှလွဲ၍ မလိုအပ်ပဲ မ share ကြရန် သတိပေးထားသည်ဟု Loh ကဆိုသည်။
ထိုင်ဝမ်နှင့်ဂျာမနီတို့တွင် Zoom အသုံးပြုမှုအား တားမြစ်ထားပြီး Zoom ကုမ္ပဏီမှာ လတ်တလောတွင် လုံခြုံရေးကြိုးပေါက်မှုများကြောင့် တရားရင်ဆိုင်နေရသည်။
လုံခြုံရေးနှင့်ပတ်သက်၍ Privacy နှင့် security မြှင့်တင်ပေးမည့် ရက် ၉၀ plan တခုအား Zoom မှထုတ်လုပ်ထားပြီး facebook ၏ လုံခြုံရေးအရာရှိဟောင်း Alex Stamos မှအကြံပေးအဖြစ် အင်အားဖြည့်ပေးထားသည်။ စင်ကာပူအစိုးရမှ မီဒီယာ conferences များပြုလုပ်ချိန်တွင် ယင်း tool အားအသုံးပြုလျက်ရှိသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: The Guardian