0

Sharing Economy ထဲမှ customers များ၏ ရှုပ်ထွေးသော လိုအင်ဆန္ဒများ

Share

ယုံကြည်မှုနှင့် လုံခြုံရေး ဆိုတဲ့စကားလုံး ၂လုံးဟာ sharing economy ဆိုတဲ့ စီးပွားရေး model ကိုအသုံးပြုနေတဲ့ ကုမ္ပဏီတွေအတွက် အောင်မြင်တဲ့စီးပွားရေးဖြစ်ဖို့အရေးကြီးတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။ အဲဒီ စကားလုံး ၂လုံးကို သေချာအကောင်အထည်ဖော်နိုင်ပြီလျှင်တော့ စားသုံးသူ Customers တွေရဲ့စိတ်ကိုရော အသည်းနှလုံးကိုပါ ဖမ်းစားသွားနိုင်ပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်မှုနှင့် လုံခြုံရေး ဆိုတာ အဖြူအမည်းသဲကွဲတဲ့ အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ရှုပ်ထွေးတဲ့ website နဲ့external influencers တွေပါဝင်တဲ့ sharing economy လိုလောက ထဲမှာပေါ့။

Sharing economy ဆိုတာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိပေမဲ့လဲ အခြေခံအားဖြင့်ပြောရရင် ရှိပြီးသား ပစ္စည်းတွေ (Assets) တွေအောက်မှာ မျှဝေ ထည့်ဝင်ပြီး အလုပ်လုပ်ကြတဲ့ စနစ်ဖြစ်ပြီး ယနေ့မှာတော့ Sharing economy လုပ်ငန်းကြီးဟာ တဖြေးဖြေးကြီးထွားလာနေပါတယ်။ ဥပမာ – လွတ်နေတဲ့ ကားထိုင်ခုံတွေ၊ အိပ်ခန်းအလွတ်တွေ သို့မဟုတ် ကိုယ့်မှာ ပိုနေတဲ့ ငွေကြေးဟာ အခြားသူအတွက် လိုအပ်နေတဲ့ ထောက်ပံ့ကြေးတခု ဖြစ်နိုင်တာကြောင့် ချေးငွေအနေနဲ့ပြန်ချေးပေးတာမျိုးတွေအထိ ရှိပါတယ်။ Sharing economy အဖြစ် လူသိများတဲ့ ကုမ္ပဏီတွေကိုတော့ Airbnb, Uber နဲ့ Grab တို့ပဲဖြစ်ပါတယ်။၂၀၁၄ ခုနှစ်မှာတော့ Sharing Economy industry ကြီးဟာ ဒေါ်လာ ၁၄ဘီလျံထိ တန်ဖိုးရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာဆိုရင် ၁၀ ဆတိုးပြီး ဒေါ်လာ ၃၃၅ ဘီလျံတန်ဖိုးထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါဆိုရင် အခုအချိန်မှာရော အဲဒီ industry ကြီးက ဘယ်လို တဖြေးဖြေး ကြီးထွားလာပြီး ဘယ်လိုအောင်မြင်လာရတာလဲ ? နောက်ပြီး သူစိမ်းတွေနဲ့အတူ မျှဝေသုံးစွဲရတဲ့ စနစ်အောက်မှာ industry အနေနဲ့customers တွေကို ဘယ်လိုလုံခြုံတဲ့ service တွေပေးနေသလဲ ? ဆိုတဲ့မေးခွန်းတွေက စိန်ခေါ်လျက်ရှိနေပါတယ်။

Sharing economy အောက်မှာရော Customers တွေက လုံခြုံမှုကို အမှန်တကယ်ပဲ တန်ဖိုးထားသလား ?
Sharing economy မှာ ဝန်ဆောင်မှု ပေးသူနဲ့ အသုံးပြုသူကြားမှာ အရေးအကြီးဆုံးက ယုံကြည်စိတ်ချမှုဖြစ်တဲ့ (Trust) ပါပဲလို့ PwC ရဲ့စစ်တမ်းတခုမှာ ဖြေဆိုသူ ၈၉% က ဆိုပါတယ်။ တဖက်မှာလဲ ကုမ္ပဏီက သူတို့ပေးနေတဲ့ service အပေါ်မှာ ယုံကြည်မှုနဲ့လုံခြုံရေးကို အထူးအာရုံစိုက်လွန်းတဲ့အခါမှာ customers ကိုပိုအလေးပေးတဲ့ ဝန်ဆောင်မှုမျိုး ဈေးကွက်ထဲကို မပေးနိုင်တော့တာကြောင့် ပြဿနာတွေပေါ်လာတတ်ပြန်ပါတယ်။

Customers တွေဟာ စိတ်မရှည်ကြပါဘူး။ ပြီးတော့ သူတို့ဘယ် application သုံးသုံး ချက်ချင်းသုံးလို့ရတာပဲ လိုချင်ကြပါတယ်။ မကြာသေးမီက ပြုလုပ်တဲ့ Jumio research အရ UK က customers တွေဟာ အွန်လိုင်း verification check ကို စက္ကန့်၃၀ အတွင်းလိုချင်ကြပြီး အများစုက မစောင့်ချင်ကြပါဘူး။ ယနေ့ခေတ်မှာတော့ ၆၀ % သော Generation Z တွေဟာ Website ဒါမှမဟုတ် Application အသုံးပြုရတာ နှေးကွေးနေရင် ဆက်လက်သုံးဖို့ငြင်းပယ်နေကြပါပြီ။ ဒါ့ကြောင့်မို့ risk များပြီးအကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေအတွက် လူငယ်တွေရဲ့အမူအကျင့်နဲ့ သဟဇာတဖြစ်ပြီး လုံခြုံမှုလည်း ပေးစွမ်းနိုင်မဲ့အခြေအနေကို ဖန်တီးပေးနိုင်ဖို့က အတော်လေး စိန်ခေါ်မှုမြင့်မားနေပါတယ်။

The selfie – Customers တွေလိုချင်နေကြတဲ့ လျှင်မြန်မှုနှင့် လုံခြုံမှုပါပေးစွမ်းနိုင်ခဲ့တဲ့ Selfie
ကုမ္ပဏီတွေအနေနဲ့အရေးအကြီးဆုံး အချက် ၂ ချက်ဖြစ်တဲ့ လုံခြုံရေးနဲ့ လူငယ်တွေလိုချင်တဲ့ အမြန်နှုံး speed နဲ့ကိုက်ညီတဲ့ product သို့မဟုတ် services ကို တပြိုင်တည်းပေးစွမ်းနိုင်ဖို့ဘယ်လိုလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းက ကျန်ရှိနေပါတယ်။
အဖြေကတော့ ရိုးရှင်းတဲ့ selfie တခုပဲဖြစ်ပါတယ်။ Selfie ဆိုတဲ့ စကားလုံးက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းကမှ ရေပန်းစားလာတဲ့စကားလုံးဖြစ်ပေမဲ့ ယနေ့ခေတ်မှာတော့ မျက်နှာသွင်ပြင်ကို အခြေခံပြီး တီထွင်ဖန်တီးမှုအားကောင်းတဲ့ verification software အဖြစ်ပြောင်းလဲ တိုးတက်လာပါပြီ။

အရင်တုန်းက identity verification method တွေဟာ knowledge ကိုအခြေခံတဲ့ knowledge-based authentication လို့ခေါ်တဲ့ (KBA) တွေဖြစ်ပါတယ်။ ဥပမာ- Application ဒါမှမဟုတ် Website ကိုအသုံးပြုဖို့လုံခြုံမှုရှိစေဖို့အတွက် အတည်ပြုတဲ့ verification လုပ်ခိုင်းတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ personal အချက်အလက်တွေ ဥပမာ – အမေ့ရဲ့ငယ်နံမည် သို့မဟုတ် သင့်ရဲ့အိမ်မွေးတိရစ္ဆာန်နံမည် သို့မဟုတ် သင်ပထမဆုံးတက်ခဲ့တဲ့ ကျောင်း စသဖြင့်ဖြေဆိုရခြင်း ဖြစ်ပါတယ်။

နောက်တဖန်ပြောင်းလဲလာတာကတော့ SMS ကိုအခြေခံထားတဲ့ two-factor authentication (2FA) ပဲဖြစ်ပါတယ်။ သူကတော့ ဖုန်းထဲကို SMS message အနေနဲ့verification code ပို့ပေးပြီး users အစစ် ဟုတ်မဟုတ် အတည်ပြုခိုင်းတာဖြစ်ပါတယ်။ သို့သော်လည်း ဒီစနစ်မှာ အားနည်းချက်တွေ များလာပါတယ်။

ဥပမာ hacker တွေက ဖုန်းထဲကို 2FA အသုံးပြုပြီး ပို့လိုက်တဲ့ ဂဏန်း ၄လုံး သို့မဟုတ် ၆လုံးပါတဲ့ code ကို phishing attack လုပ်ပြီး hack နိုင်တာရယ်၊ အကယ်၍ KBA ဖြေရတော့မယ်ဆိုရင် hack ခံရသူရဲ့social media ထဲကိုဝင်ကြည့်လိုက်ရင် လျှို့ဝှက်မေးခွန်းကို လွယ်လွယ်နဲ့ အဖြေတန်းသိသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာ သင့်ရဲ့အိမ်မွေးတိရစ္ဆာနံမည်၊ သင်တက်ခဲ့တဲ့ မူလတန်းကျောင်း သင့်ငယ်နံမည် စတာတွေကို သင့်ရဲ့social media မှာဝင်ကြည့်ရင် အလွယ်တကူ သိနိုင်ပါတယ်။

Facial Bio-metrics
မျက်နှာသွင်ပြင်ကို အခြေခံတဲ့နည်းစနစ်ကိုတော့ Sharing economy တွေမှာ အသုံးပြုလေ့ရှိကြပြီး customers တွေအတွက် လုံခြုံမှုရှိတဲ့ service ပေးနိုင်ပေမဲ့ delivery လုပ်တဲ့အခါမှာတော့ မြန်မြန်ဆန်ဆန် မလုပ်နိုင်ပါဘူး။ ဥပမာ Ride hailing apps (Uber, Grab apps) တွေကို အသုံးပြုတဲ့အခါ ကားဒရိုက်ဘာက app ကိုအသုံးပြုဖို့မှတ်ပုံတင်ရပါတယ်။ ကားဒရိုက်ဘာက သူတို့ရဲ့ယာဉ်မောင်းလိုင်စင် သို့မဟုတ် အစိုးရက အသိအမှတ်ပြုထားတဲ့ ID တခုခုကို ဓါတ်ပုံရိုက် ပေးပို့ပြီး မှတ်ပုံတင်ရပါတယ်။ ထို့နောက် ID ထဲကလူ တကယ်ဟုတ်မဟုတ် ထပ်မံအတည်ပြုဖို့အတွက် ဒရိုက်ဘာရဲ့မျက်နှာကိုလဲ live selfie (ဗီဒိုယိုတို) ရိုက်ရပါတယ်။ အဲဒီအခါ ကားဒရိုက်ဘာနဲ့ပတ်သက်ပြီး မရိုးမသားလုပ်နိုင်တဲ့ အမှုတွေ ကျဆင်းသွားစေပါတယ်။

ID ကဓါတ်ပုံနဲ့ ကားဒရိုက်ဘာရဲ့ပုံဟာ ထပ်တူကျတယ်ဆိုရင် Ride-hailing app တွေက ID နဲ့ပတ်သက်လို့ ယုံကြည်စိတ်ချရတာ သေချာသွားပါပြီ။ ဒရိုက်ဘာရဲ့အွန်လိုင်း အကောင့်ဖွင့်ခြင်း အောင်မြင်သွားတဲ့အခါ ride-hailing app တွေဟာ သူတို့ကားဒါရိုက်ဘာဟာ လူမပြောင်းလဲပဲ မှတ်ပုံတင်ထားတဲ့ လူပဲဆိုတာကို အမြဲတမ်း အတည်ပြုနေဖို့အပတ်စဉ် သို့မဟုတ် လစဉ် စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။

Sharing economy မှာရှိတဲ့ ကုမ္ပဏီတွေဟာ မျက်နှာသွင်ပြင် စစ်ဆေးတဲ့နည်းစနစ်ကြောင့် သူတို့ Application ကိုအသုံးပြုနေတဲ့ ဝန်ထမ်းဟာ မှတ်ပုံတင်ထားတဲ့သူဖြစ်ပြီး စစ်မှန်ကြောင်း ယုံကြည်ချက် ရှိနေကြပါတယ်။ တဖက်မှာလဲ အရေးကြီးတဲ့ Customers တွေဆီကိုလည်း သူတို့လိုချင်တဲ့ မြန်ဆန်တဲ့ services ကိုပေးနေပေမဲ့လည်း ကုမ္ပဏီတွေက ပိုမိုစိတ်ချပြီး လုံခြုံတဲ့ နည်းလမ်းနဲ့ ပေးစွမ်းနေကြခြင်းဖြစ်ပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Forbes
Image: The Economist

%d bloggers like this: