0

ဆမ်ဆောင်းက ချစ်ပ်ပြားထုတ်လုပ်ရေး လျှော့ချတော့မည်

Share

၂၀၀၈ ဘဏ္ဍာရေးကပ်နောက်ပိုင်း အမြတ်ငွေ ရရှိမှု အနည်းဆုံး အခြေအနေကို ကြုံတွေ့ရသဖြင့် တောင်ကိုးရီးယား နည်းပညာကုမ္ပဏီ ဆမ်ဆောင်းသည် memory chip ထုတ်လုပ်ရေးကို လျှော့ချတော့မည်ဟု သိရသည်။
လက်ရှိ ပထမ ၃ လပတ် လုပ်ငန်းလည်ပတ်မှုမှ အမြတ်ငွေရရှိမှုမှာ ၉၆% ကျော် ကျဆင်းမည်ဟု တွက်ချက်ထားကြောင်း ကုမ္ပဏီက သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပြီး ၁၅ နှစ်အတွင်း အဆုံးဆုံး အမြတ်ငွေရရှိမှု ဖြစ်နေသည်။

ဆမ်ဆောင်း၏ ယခုနှစ် ဇန်နဝါရီ-မတ်လ အမြတ်ငွေသည် ဝမ် ဘီလျံ ၆၀၀ (ကန်ဒေါ်လာ ၄၅၅ သန်း) ရရှိမည်ဟု ခန့်မှန်းထားသည်။

ကပ်ဘေးအတွင်းက လူအများ အိမ်အတွင်းနေထိုင်ရင်း အီလက်ထရွန်းနစ်ပစ္စည်းများ ဝယ်ယူမှုမြင့်တက်ခြင်းကြောင့် ချစ်ပ်ပြား များ ပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။
သို့သော်လည်း ယခုအခါတွင် တပိုင်းလျှပ်ကူးပစ္စည်းများ၊ ချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် ဝယ်လိုအားနှင့် ပစ္စည်းသိုလှောင်ထိန်းသိမ်းစီမံရမှုများအကြား ဟန်ချက်ညီရန် ရုန်းကန်နေရသည်။

ကမ္ဘာ့စီးပွားရေး နှေးကွေးနေခြင်းကြောင့် ယခုကဲ့သို့ ဖုန်း၊ ကွန်ပျူတာ စသည့်လူသုံးကုန်ပစ္စည်းဝယ်ယူမှုများလည်း ကျဆင်းလာခြင်းက ချစ်ပ်ပြားထုတ်လုပ်ရေးအတွက် ဝင်ငွေလျော့ကျလာစေသည်။
ဆမ်ဆောင်းသည် တောင်ကိုးရီးယားတွင် အကြီးဆုံး မိသားစုပိုင် conglomerate (လုပ်ငန်းမျိုးစုံလုပ်ကိုင်သော ကော်ပိုးရေးရှင်း) အဆင့် လုပ်ငန်းကြီးလည်း ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Aljazeera, TechCrunch, Silicon Republic
Image: Silicon Republic

%d bloggers like this: