A.I firm တခုမှ researcher များက A.I နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ပုံတူမျက်နှာဖုံးများကို အသုံးပြုပြီး လေဆိပ်နှင့် mobile payment ကဲ့သို့software များအား လုံခြုံရေး စနစ်ကို ကျော်ဖြတ်ကာ အောင်မြင်စွာ လှည့်စားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
လုံခြုံရေးစနစ်တခုတွင် မျက်နှာ အသွင်အပြင်ကို scan ဖတ် စစ်ဆေးသည့်စနစ်သည် ယနေ့အချိန်ထိ အခရာအကျဆုံး စနစ်တခုဖြစ်ရာ ၎င်းစနစ်ကို လေဆိပ်များ ၊ စတိုးဆိုင်များနှင့် စမတ်ဖုန်း လုံခြုံရေးစနစ်တွင် အဓိက အသုံးပြုလျက်ရှိပါတယ်။
ယခုအခါ ယင်းစနစ်မှာ လုံခြုံရေးအားနည်းချက်တခု အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အခြားသူတဦး၏ မျက်နှာ ပုံစံအတိုင်း print ထုတ်ထားသည့် စက္ကူမျက်နှာဖုံးများက မျက်နှာ မှတ်သားသည့်စနစ်များကို အရူးလုပ်နိုင်ခဲ့ကြောင်း Artificial Intelligent (A.I) firm တခုဖြစ်သည့် Kneron မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Researcher များက တရုတ်ကုမ္ပဏီများဖြစ်သည့် Alipay နှင့် Wechat ကဲ့သို့ငွေပေးချေသည့် စနစ်များနှင့် တရုတ်ပြည်နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များတွင် အသုံးပြုထားသည့် စနစ်များကို လှည့်စားခဲ့ခြင်းဖြစ်ပါတယ်။ ဒါအပြင် Amsterdam မြို့ Schiphol လေဆိပ်ရှိ ပတ်စ်ပို့စစ်ဆေးသည့် ဌာနကိုလဲ မျက်နှာဖုံးကို အသုံးပြုကာ ကျော်ဖြစ်နိုင်ခဲ့ပါသေးတယ်။ ၎င်း researcher များက ဒီရလဒ်ဟာ လူတယောက်က တခြားလူတယောက်အဖြစ် အယောင်ဆောင်ကာ ငွေပေးချေခြင်း ခရီးသွားခြင်းစတဲ့ အရာတွေကို လုပ်ဆောင်သွားနိုင်တယ်လို့သတိပေးလိုခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ နည်းပညာသမားတွေဟာ သူတို့ထုတ်လုပ်လိုက်တဲ့ နည်းပညာပစ္စည်းနဲ့ပတ်သက်တဲ့ လုံခြုံရေးစနစ်အပေါ် အကောင်းဆုံး တာဝန်ယူဖို့လိုအပ်ကြောင်း၊ facial recognition tech နဲ့ပတ်သက်တဲ့ နည်းပညာ ကုမ္ပဏီများစွာရှိနေပြီး ဒီကိစ္စဟာ အထူးသတိပြုဖို့လိုကြောင်း Kneron ရဲ့CEO က ဆိုပါတယ်။
အချို့မျက်နှာမှတ်သားသည့် စနစ် ဆောဖ့်ဝဲများကိုတော့ ဒီမျက်နှာဖုံးက ထိုးဖောက် ဝင်ရောက်နိုင်ခြင်းမရှိပါဘူး။ စမ်းသပ်သူတွေကတော့ Apple ရဲ့face ID နဲ့Huawei စနစ်တွေဟာ အလွန်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုထားတာကြောင့် မလှည့်စားနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ နောက်ပြီး စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေး အရာရှိလူတွေက မျက်နှာဖုံးဆိုတာကို သတိပြုမိတာကြောင့် လှည့်စားဖို့မဖြစ်နိုင်ပေမဲ့ စက်ကိုသာ အသုံးပြုထားတဲ့ နေရာတွေမှာတော့ လှည့်စားနိုင်ခဲ့တာဖြစ်ပါတယ်။
မျက်နှာဖုံးပေါ်ထွက်ပြီး တလ အကြာမှာတော့ Kneron က ရင်းနှီးမြှပ်နှံငွေ အမေရိကန်ဒေါ်လာ ၇၃ သန်း ကို Alibaba, Qualcomm နဲ့Horizons Ventures စတဲ့ ကုမ္ပဏီများမှ ရရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် CEO က “ကျွန်တော်တို့နဲ့ရည်ရွယ်ချက်ချင်းတူတဲ့ Horizons Ventures ကဲ့သို့ကုမ္ပဏီကြီးတွေနဲ့အတူလက်တွဲဖို့အလွန်ရင်ခုန်နေပါတယ်။ နောက်ပြီး A.I နဲ့ပတ်သက်တဲ့နည်းပညာတွေကိုလဲ အကောင်းဆုံး ထုတ်လုပ်စမ်းသပ်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။
Source: Business Insider