ပြီးခဲ့တဲ့ လပိုင်းကပဲ အိုက်စလန်အစိုးရဟာ နိုင်ငံတွင်းက မိုဘိုင်းအော်ပရေတာတွေကို 5G network လွှင့်ထုတ်ဖို့ ခွင့်ပြုပေးခဲ့ပြီးနောက်မှာ နိုင်ငံရဲ့ လူသုံးအများဆုံး မိုဘိုင်းအော်ပရေတာ Nova ဟာ Huawei ကုမ္ပဏီနဲ့ 5G နည်းပညာအတွက် ပူးပေါင်းသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ Nova ဟာပြီးခဲ့တဲ့ နှစ်ကတည်း 5G နည်းပညာကို သီးခြားစမ်းသပ်နေခဲ့တာဖြစ်ပြီး မနေ့က (၀၅-၀၅-၂၀၂၀) မှာတော့ ပထမဆုံး 5G internet service ကို စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့ပြီလို့သိရပါတယ်။ သူ့ရဲ့ ဝက်ဆိုဒ်မှာတော့ သူတို့ရဲ့ Network ကို Huawei နဲ့ပူးပေါင်းပြီး အဆင့်မြှင့်တင်တာ ပြီးစီးသွားခဲ့လို့ရှိရင် တစ်ခါမှ မကြုံဘူးသေးတဲ့ အမြန်ဆုံးနဲ့ အတည်ငြိမ်ဆုံး အင်တာနက်ကို သုံးစွဲသူတွေအနနဲ့ခံစားနိုင်မှာပါလို့ ကြေငြာထားပါတယ်။
နောင်လာမဲ့ အနာဂတ်မှာ 5G နည်းပညာဟာ ဖုန်းတွေ၊ ကွန်ပျူတာတွေတင်မကဘဲ အိမ်သုံးပစ္စည်းတွေမှာပါ ပါဝင်ပတ်သတ်လာနိုင်ပြီး ပိုင်ရှင်အိမ်ပြန်ရောက်လာတာနဲ့ အလိုလျောက် ရေနွေးတည်ပေးတာမျိုး၊ ရေခဲသေတ္တာထဲမှာ စားစရာကုန်နေရင် ကုန်တိုက်ကို သူ့အလိုလို အကြောင်းကြားပေးတာမျိုးတွေ၊ နောက်ဆုံး မောင်းသူမဲ့ ကားတွေအထိကို နည်းပညာဟာ လူမှုနေထိုင်မှုဘဝမှာ အကြီးအကျယ်လွှမ်းမိုးလာတော့မှာလို့ Nova က ဆက်ပြောထားပါတယ်။ Nova ဟာအိုက်စလန်မှာ ဈေးကွက်ဝေစု ၄၀ရာခိုင်နှုန်းနီးပါး ရရှိထားတဲ့ မိုဘိုင်း အော်ပရေတာဖြစ်ပြီး သူ့နောက်မှာတော့ Vodafone နဲ့ Síminn တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Xinhua
Photo: China Daily
0