0

5G မူပိုင်ခွင့်သဘောတူညီချက်အသစ် Nokia နှင့် Samsung လက်မှတ်ရေးထိုး

Share

Samsung နှင့်စာချုပ်ချုပ်ဆိုထားသည့် ပူးတွဲလိုင်စင် မူပိုင်ခွင့် သဘောတူညီချက်စာချုပ်မှာ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးသွားသည့်အတွက် စာချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း Nokia ကတနင်္လာနေ့ကပြောကြားခဲ့သည်။

စာချုပ်သစ်တွင် 5G နှင့် အခြားနည်းပညာများ၌ Nokia ၏ပါဝင်ပတ်သက်ဆက်နွယ်မှုအသစ်များပါဝင်ပြီး Samsung က Nokia အား နှစ်ရှည်သဘောတူညီချက် စာချုပ်အတွက် ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့ကစတင်ကာ ငွေပေးချေရန် အချက်များပါဝင်သည်ဟု Finnish ကုမ္ပဏီကဆိုသည်။ စာချုပ်ပါအကြောင်းအရာ အသေးစိတ်ကိုမူ ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

သဘောတူညီချက်အသစ်သည် Nokia ၏ယခင် ရေရှည်မျှော်မှန်းချက်များနှင့်ကိုက်ညီသည်ဟုလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images

%d bloggers like this: