နည်းပညာနှင့်ဆက်သွယ်ရေးကုမ္ပဏီကြီး Nokia သည် နည်းဗျူဟာသစ် အကြီးစားပြောင်းလဲမှု စတင်ပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၆၀ အတွင်း မပြောင်းလဲခဲ့သည့် သူ၏လိုဂိုကိုပင် ပထမဆုံးအကြိမ် ပြောင်းလဲလိုက်ပြီဖြစ်သည်။
လိုဂိုအသစ်၌ NOKIA ဟူသောစာလုံး ၅လုံးအား မတူညီသောအသွင်သစ်ဖြင့် မြင်တွေ့ရပြီး သူ၏မူလအထင်ကရ အပြာရောင်ကို သုံးစွဲမှုနေရာပေါ်မူတည်၍ ကာလာအရောင်များ ထပ်မံထည့်သွင်းထားသည်။
ကုမ္ပဏီ၏ ထိပ်တန်းရာထူးလက်ခံယူခဲ့ပြီး CEO ဖြစ်လာသူ Pekka Lundmark သည် ၂၀၂၀ ၌ အကြီးအကျယ်ရုန်းကန်ခဲ့ရပြီးနောက် (reset, accelerate, scale) ဟူသည့် Strategy ၃ ခုကိုချမှတ်ခဲ့သည်။ Nokia သည် ပထမအဆင့်ကို ကျော်ဖြတ်ပြီး လက်ရှိတွင် ဒုတိယအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း Lundmark ကဆိုသည်။
Nokia သည် ယခင်က တယ်လီကွန်းကုမ္ပဏီများထံပစ္စည်းရောင်းချကာ ဝန်ဆောင်မှုပေးရန် ရည်မှန်းထားခဲ့သော်လည်း ယခုအခါ အခြားလုပ်ငန်းများကိုပါ ဆက်သွယ်ရေးပစ္စည်းနှင့်ဝန်ဆောင်မှုများ ရောင်းချပေးနိုင်ရန် အဓိကအာရုံစိုက်လာခဲ့သည်။
မြောက်အမေရိကား၏ ဝယ်လိုအားကျဆင်းခြင်း၊ အိန္ဒိယကဲ့သို့ အမြတ်နည်းနည်းဖြင့်ရောင်းချသည့် ဈေးကွက်များက ယှဉ်ပြိုင်မှုမြင့်တက်ခြင်း၊ အိန္ဒိယက အစားထိုးဝင်ရောက်လာခြင်းတို့ကြောင့် တယ်လီကွန်းဈေးကွက်မှာ ဖိအားများစွာအောက် ကျရောက်လျက်ရှိသည်။ ပြိုင်ဖက် Ericsson မှာလည်း မကြာသေးမီက ဝန်ထမ်းဦးရေ ၈၅,၀၀၀ ကျော်လျှော့ချခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Reuters, CNBC, Fox Business
Photo: KOKIA/Handout