0

တရုတ်က သင်ခန်းစာအတိုင်းကြိုးစားနေတဲ့ Nike

Share

COVID-19 ကြောင့် Nike ရဲ့စတိုးဆိုင်တွေအားလုံး ပိတ်ပစ်လိုက်ရပေမဲ့ အားကစားဝတ်စုံ အရောင်းဆိုင်ကြီး Nike ကတော့ အခုလိုလူတွေ သောကများနေတဲ့အချိန်မျိုးမှာ လူတွေကိုချွေးပိုထွက်စေချင်နေပါတယ်။ Gym မသွားနိုင်တော့လို့ချွေးမထွက်တော့တာမျိုး မဖြစ်စေပဲ အိမ်ကနေလဲ ကစားလို့ရမယ့် လေ့ကျင့်ခန်းတွေကို အွန်လိုင်းကတဆင့် Nike ကဖန်တီးပေးနေပါတယ်။ Equinox လိုအားကစားရုံတွေ ပိတ်လိုက်ရပေမယ့် e-commerce ကိုမြှင့်တင်ချင်တဲ့ Nike လို ကိုယ့်customers တွေနဲ့ အဆက်အသွယ်မပြတ်ဖို့သူတွေကတော့ လူတွေကို App တွေဆီခေါ်ဆောင်နေကြပါတယ်။ “လူတွေအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကျွန်မတို့ကလဲ သူတို့နဲ့အတူလိုက်ပြောင်းလဲတတ်ဖို့လိုပါတယ်” လို့Nike ၏ ဥက္ကဌ Heidi O’Neill ကဆိုပါတယ်။

“ကျွန်မတို့ လုပ်နိုင်ခဲ့တဲ့ အကြီးဆုံးပြောင်းလဲမှုတွေထဲက တခုကတော့ လူတွေအိမ်ထဲမှာနေရင်း သူတို့တတွေရဲ့ကြံ့ခိုင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေဖို့အတွက် ကျွန်မတို့ရဲ့ဒီဂျစ်တယ် လူအဖွဲ့အစည်းစနစ်ကြီးကို မြှင့်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်” လို့သူမကဆိုပါတယ်။

Nike က NTC ဆိုတဲ့ Nike Training Club app တခုကိုပြုလုပ်ခဲ့ပြီး အဲဒီ app မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို သန်မာစေမယ့် မိနစ် ၄၀စာ လေ့ကျင့်ခန်းတွေ၊ အွန်လိုင်း Yoga course တွေပါဝင်ပြီး အမေရိကန် customer တွေကို အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်မှာလည်း “Play Inside and Play for the World” ဆိုတဲ့ ကမ်ပိန်းတခုကို ပြုလုပ်ခဲ့ပါသေးတယ်။ App ကိုအသုံးပြုမယ်ဆိုလျှင် ၁လစာ အမေရိကန်ဒေါ်လာ ၁၄.၉၉ ရှိပြီး၊ ၁နှစ်စာ အတွက် ဒေါ်လာ ၁၁၉.၉၉ ကျသင့်မှာဖြစ်ပါတယ်။

အမေရိကားမှာ NTC app အသုံးပြုသူ ၁၀၀% တိုးတက်လာခဲ့တယ်လို့O’Neill ကပြောပါတယ်။ ဗိုင်းရပ်စ်စတင်ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာလည်း NTC အသုံးပြုသူ ၈၀%ထိ တိုးတက်လာတာ တွေ့ရပါတယ်။ တရုတ်ပြည်မှာရှိတဲ့ Nike ၏ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းတွေဟာ ၃လအတွင်းမှာ ၃၀% ထိတိုးတက်လာခဲ့ပြီး Nike ၏စတိုးဆိုင်တွေကို ပြန်လည်ဖွင့်လှစ်လာနိုင်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ဟာ ဥရောပနဲ့အမေရိကန်ထိပျံ့နှံနေပါပြီ။ ဒါ့ကြောင့် တရုတ်ပြည်မှာ Nike လုပ်ခဲ့တဲ့အတိုင်းလိုက်လုပ်ဖို့ရှိတယ်လို့Nike ၏ CEO Donahoe ကဆိုပါတယ်။

အားကစားဝတ်စုံ အရောင်းဆိုင်ကြီးဖြစ်တဲ့ Lululemon ကလဲ တူညီတဲ့ အကြံရှိနေပါတယ်။ သူကလဲ လူတွေကို အိမ်မှာကစားနိုင်မယ့် လေ့ကျင့်ခန်းတွေ၊ အကသင်ခန်းစာတွေကို အွန်လိုင်းကတဆင့် ပို့ချပေးနေပါတယ်။ မြောက်အမေရိကားနဲ့ ဥရောပမှာရှိတဲ့ ကျွန်တော်တို့ team တွေဟာလဲ တရုတ်က WeChat ကတဆင့် ထောင်ချီတဲ့ followers တွေအများကြီးရခဲ့တဲ့ နည်းလမ်းအတိုင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့Lululemon ၏ CEO Calvin McDonald ကဆိုပါတယ်။ ကုမ္ပဏီအနေနဲ့yoga ဖျာ၊ အထောက်အကူပစ္စည်းနှင့် အိမ်မှာ ကစားလို့ရတဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာ တွေကို အွန်လိုင်းကမှာယူတဲ့ အမှာစာရင်းဟာ ၄၀% မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Nike နဲ့ Lululemon လို ကုမ္ပဏီကြီးတွေဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း လူတွေနဲ့ထိတွေ့ဆက်ဆံမှု မရှိတော့သလောက် ခက်ခဲတဲ့အခြေအနေမှာတောင်မှ customer တွေနဲ့ အဆက်အသွယ်မပြတ်ဖို့နည်းလမ်းရှာ ကြိုးစားနေကြတာဖြစ်ပါတယ်။

“အကယ်၍ သင်က ကုန်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့သူဖြစ်တာတောင်မှ အခုလိုအချိန်မျိုးမှာ သင့် customer တွေကို အကောင်းဆုံးဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီမျိုးဖြစ်နေရပါမယ်” လို့ လက်လီအကြံပေးအေဂျင်စီ The Lionesque Group ၏ CEO Mellissa Gonzalez ကဆိုပါတယ်။

အခုလို ဗျူဟာကျကျ နည်းလမ်းတွေသုံးနေတာတောင် Nike နဲ့ Lululemon တို့ရဲ့ရှယ်ယာဈေးဟာ ကျဆင်းနေဆဲဖြစ်ပါတယ်။ Nike ၏ market cap ဟာ ဘီလျံ၁၃၀ ရှိပြီး ရှယ်ယာဈေး ၁၇% ကျဆင်းနေပြီး market cap ၂၄.၆ ဘီလျံရှိတဲ့ Lululemon ရဲ့ရှယ်ယာဟာ ၁၉% ကျဆင်းနေတာဖြစ်ပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC

%d bloggers like this: