၇နာရီအတွင်း Threads အကောင့်သစ်ဖွင့်သူ ၁၀သန်းအထိရှိလာကြောင်း ဇူကာဘက်ပြောကြား

Share

Facebook၏ မိခင်ကုမ္ပဏီ​ဖြစ်သူ​ Mata က​အသစ်ပြုလုပ်လိုက်သည့်​ ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Threads​ အပလီကေးရှင်းကို ၇နာရီအတွင်း.အကောင့်သစ်ဖွင့်သူဦးရေ ၁၀သန်းအထိရှိခဲ့ကြောင့် ဇူကာဘက်က ပြောကြားခဲ့သည်။

Threads အပလီကေးရှင်းမှာ Twitter​နှင့် ပုံစံဆင်တူစွာပြုလုပ်ထားပြီး.လတ်တလော​ Twitter၏ ပေါ်လစီအသစ်ကြောင့် စိတ်ညစ်နေကြသည့် Twitter​ အသုံးပြုသူများအနေဖြင့် Threads သည်.ရွေးချယ်စရာတစ်ခုဖြစ်လာမည် ဖြစ်သည်။

မကြာသေးမီက Twitter​သည်.၎င်းတို့၏ အသုံးပြုသူများကို နေ့စဥ်ကြည့်ရှုနိုင်သည့်.tweet အရေအတွက်​အား. အကန့်အသတ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ပေါ်လစီထုတ်ပြန်ခဲ့ပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။

Twitter​ ဘက်က.ယခုဆုံးဖြတ်ချက်သည် System ပေါ်မှ.မလိုလားအပ်သော automated bots များကို​ရှင်းလင်းရန်နှင့် AI ကုမ္ပဏီ​များက.Twitter၏ ဒေတာများကို​ အသုံး​ပြု၍ ၎င်းတို့၏ algorithm များကို​ အဆင့်မြှင့်တင်ခြင်းကို ပြုလုပ်ခြင်းအား​ ကာကွယ်ရန်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားသည်။

သို့သော် အဆိုပါ.ပေါ်လစီမတိုင်မီကပင်​ profile blue mark ကို. လစဥ်ကြေးဖြင့် ရယူနိုင်သည်ဆိုသည့် အီလွန်မက်​စ်၏ ပေါ်လစီအချို့ကြောင့်လည်း​ Twitter၏ အရှိန်အဝါမှာ ကျဆင်းလျက်ရှိနေပြီး​ Mata​က.အချိန်ကိုက်ပင် Threads​ကို​ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ​တွင်​ Threads ကိုနိုင်ငံပေါင်း ၁၀၀ကျော်တွင် Android​ နှင့်​ iOS နှစ်မျိုးလုံးမှ ရယူနိုင်ပြီး မိမိတို့​ အသုံးပြုနေသော Instagram​အကောင့်​ဖြင့်​ ချိတ်ဆက်ရမည်ဖြစ်ကာ ပိုစ့်တစ်ခုလျှင် စာလုံးရေ ၅၀၀ အထိရေးသားနိုင်ကြောင်း သိရသည်။

ဇူကာဘက်က.သူ၏ အသစ်ဖွင့်လှစ်ထားသည့် Thread​s​ အကောင့်မှနေ၍ Twitter.သည်​ အသုံးပြုသူ ၁ဘီလီယံ အထိ​ ရရှိနိုင်မည့် အခွင့်အရေးများရှိခဲ့သော်လည်း မဆုပ်ကိုင်နိုင်ခဲ့ကြောင်း၊ Thread​s​ အနေဖြင့်​ ထိုအဆင့်အထိ ရောက်ရှိရန် မျှော်လင့်ကြောင်း ရေးသား ခဲ့သည်။

နည်းပညာ​ပိုင်းရှိ ဝေဖန်သူအချို့ကတော့​ Threads​အနေဖြင့်​ မတည်ငြိမ်သေးကြောင်း၊ အထူးသဖြင့်​ Instagram.အကောင့်​ဖြင့်.ချိတ်ဆက်ထားမှုကြောင့်​ Threads​အကောင့်ကို​ ဖျက်ချင်ပါက Instagram​အကောင့်ကို​ပါ​ ဖျက်ပစ်မှရကြောင်း​ ထောက်ပြကြသည်။

Mata​ကတော့.၎င်းတို့အနေဖြင့် အဆိုပါ​ ကိစ္စကိုဖြေရှင်းရန်.စီစဥ်နေကြောင့်နှင့် လောလောဆယ်တွင် Threads​အကောင့်ကို အသုံးမပြုချင်ပါက  ဖျက်ပစ်မည့်အစား deactivate လုပ်နိုင်ကြောင်း​ ပြန်လည်ရှင်းပြထားသည်။

ကူးယူ​ဖော်ပြ​ခွင့်မပြုပါ။
Source: CNN, BBC
Photo: The Guardian

%d bloggers like this: