0

၂၀၂၀ နှင့် အထက်တွင် အဓိက သက်ရောက်လာမည့် နည်းပညာအရွေ့များ

Share

photo: pexels

– စီးပွားရေးလုပ်ငန်းများသည် မူလလည်ပတ်လျက်ရှိသော လူမှုဆိုရှယ်မီဒီယာများ၊ မိုဘိုင်းဖုန်း၊ သုံးသပ်ချက်များ၊ အင်တာနက် (Cloud သုံး) တွက်ချက်မှုများနှင့် မလုံလောက်တော့ဘဲ Distributed Ledger Tech ဟုခေါ်သော ဒစ်ဂျစ်တယ်ပိုက်ဆံ၊ Bitcoin ကဲ့သို့သော ဘလော့ချိန်း နည်းပညာများ (Blockchain) ၊ လူလုပ်ဖန်တီးထားသော ကွန်ပျူတာ အသိဉာဏ် (AI – Artificial Intelligence) နှင့် မျက်မြင်ပုံရိပ်များ ပိုမိုတိုးတက်အောင် ဖန်တီးထားမှု Extended Reality (VR, Augmented Reality) များနှင့် Quantum computing (DARQ) များကို မဖြစ်မနေ သုံးလာရမည်။
– အချို့ကိစ္စရပ်များသည် လူများ လက်မခံချင်သောနည်းပညာများ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ Personal Profiling ခေါ် စီမံခန့်ခွဲမှုသစ်ကို လုပ်ငန်းကြီးများ ပိုမိုအသုံးပြုလာကြမည်။ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အမြင့်ဆုံးရရှိနိုင်ရန် ထိုဝန်ထမ်း၏ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စသောအခြေအနေများကို မှတ်တမ်းတင်လာပြီး လုပ်ငန်းခွင်တွင် စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန်ကြံဆောင်လာမှုများဖြစ်သည်။ ထိုနည်းပညာအသုံးပြုလာသည့်နောက်တွင် လူတို့၏ တစ်ကိုယ်ရည် လွတ်လပ်မှုများ ပိုမိုဆုံးရှုံးလာနိုင်သည်။
– ဥရောပသမဂ္ဂ EU ၏ ဒေတာအချက်အလက်များဆိုင်ရာ ကာကွယ်မှုစည်းမျဉ်းသည် ၂၀၂၀ နောက်ပိုင်းတွင် လက်ရှိပိုမို ညှစ်ထုတ်လာသော ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်များ ချိုးဖေါက်မှုနှင့်ပက်သက်သော ကိစ္စများကို ကိုင်တွယ်ရာတွင် ပြန်လည်ဆန်းစစ်ဖို့ လိုလာပါမည်။
– လတ်တလော ဖေါက်သည်များ၊ လူများ ဝယ်ချင်၊ ရရှိချင်သော ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ချက်ချင်း ဆောင်ရွက်ပေးနိုင်ရန် “Momentary Markets” (ရုတ်ချည်းဖြစ်ပေါ်လာသော ဈေးကွက်) ကို ဖြည့်ဆည်းပေးနိုင်ရန် Customer Analytics, Advertising စနစ်များ ပိုမို လျင်မြန်စွာ ပြောင်းလဲမှု ဖြစ်လာမည်။
– ဆေးဝါးနှင့် ဆေးပညာနယ်ပယ်များ တွင် သုံးဘက်မြင်ပုံရိပ် 3D Printing အသုံးပြု၍ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖန်တီးလာနိုင်ကြမည်။ ထိုနေရာတွင် AR (Augmented Reality) သည် ဆေးပညာကို စီးပွားဖြစ်လုပ်ကိုင်ရာတွင် အသုံးဝင်လာမည်။


– Facebook ၏ ကြံရွယ်ထားသည့် ဒစ်ဂျစ်တယ်ပိုက်ဆံ လီဘရာသည် ၂၀၂၀ ပြည့်နှစ်အတွင်း သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၊ အစိုးရများနှင့် ဆက်စပ် currency chains ကိစ္စရပ်များကို အပြီးအစီးဆောင်ရွက်ရန် ကြံရွယ်ထားသည်ဖြစ်ရာ ထို Libra ခေါ် ဖေ့ဘုတ်၏ Cryptocurrency Project ပြီးလျှင် ကမ္ဘာအရပ်ရပ်ရှိ ဘဏ်များ၏ ပါဝါ ပိုမို အားပျော့လာမည်။
– အားလုံး စိတ်ဝင်တစားစောင့်ကြည့်နေသော 5G ကွန်ရက်စနစ်သည် လက်ရှိစနစ်များထက် အဆ ၁ထောင် ပိုမိုသာလွန်သည်ဖြစ်ရာ ဆက်စပ် အီလက်ထရွန်းနစ်ပစ္စည်းပေါင်း ဘီလျံ ၁၀၀ ကို ဒေတာ ကူးပြောင်းနှုန်း 10 Gb/s ဖြင့် အလုပ်လုပ်လာနိုင်မည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ နည်းပညာတိုင်းသည် အသက်အရွယ်မရွေးလျင်လျင်မြန်မြန် လေ့လာသင်ယူနိုင်ရန်၊ စောင့်ကြည့်အသင့်ပြင်နိုင်ရန် တင်ပြလိုက်ရပါသည်။
Orio Economics

 

source: mobileappdaily, pexels

%d bloggers like this: