0

ကမ္ဘာ့စီးပွားရေးဆက်တိုက်ကျဆင်းပြီးနောက် Microsoftက ၁ထြီလျံ တန်သည့်တခုတည်းသော USကုမ္ပဏီဖြစ်လာ။

Share

Coronavirus Pandemic ကြောင့် စတော့ ရှယ်ယာ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိရာ Microsoft ဟာ Market Capitalization တန်ဖိုး ၁ ထြီလျံကျော်ရှိသည့် တခုတည်းသော ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ Market ပိတ်ခဲ့တဲ့ မတ်လ ၂၃ ရက် နေ့မှာတော့ Nasdaq ၏ တရားဝင် စာရင်းအရ Microsoft ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၀၃၄ ထြီလျံရှိခဲ့ပါတယ်။

Microsoft ဟာ 2019 April လမှာ market cap (market capitalization) ၁ ထြီလျံ တန်သည့် တတိယမြောက် အမေရိကန် ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ Apple, Amazon နှင့် Google ၏မိခင် ကုမ္ပဏီဖြစ်တဲ့ Alphabet တို့က ပြီးခဲ့တဲ့ လအတွင်းမှာ market cap ၁ ထြီလျံကျော်ခဲ့ကြပေမဲ့ စီးပွားရေး တုံ့နှေးမှုတွေကြောင့် ကုမ္ပဏီ၏ အမြတ်ငွေကျဆင်းမှု၊ အသုံးစားရိတ် မြင့်တက်လာမှုတွေကြောင့် သူတို့ရဲ့ရာထူးနေရာတွေကနေ ဆင်းပေးခဲ့ရပါတယ်။

Apple ၏ရှယ်ယာဈေး ကျဆင်းရတဲ့ အကြောင်းရင်းကတော့ တရုတ်ပြည်မှာရှိတဲ့ Apple ၏ အဓိက Supply-chain တွေရပ်တန့်သွားရခြင်းနှင့် ကမ္ဘာတဝှမ်းလုံးမှာ ရှိတဲ့ Apple stores တွေအားလုံးကို ပိတ်ပစ်ခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။

Market ပိတ်ခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ထိ ရှိခဲ့တဲ့ Market Capitalization တွေကတော့

• Apple: $981.726 billion
• Amazon: $947.249 billion
• Alphabet: $725.39 billion 

အမေရိကန် ကုမ္ပဏီကြီးတွေ၏ ရှယ်ယာဈေးနှုန်းထိုးကျလာတာကြောင့် အမေရိကန်၏ စီးပွားရေးကို ပြန်လည်ဆွဲတင်ရန် အတွက် Federal Reserve က policy များကို အသစ်ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: Business Insider, Bloomberg.

%d bloggers like this: