0

ကိုရီးယားနိုင်ငံတွင် Self-quarantine လုပ်ထားချိန် အပြင်ထွက်သူများကို စောင့်ကြည့်ရန် အီလက်ထရောနစ် လက်ပတ် ဝတ်ဆင်ပေးဖို့ စီစဉ်

Share

          ကိုရီးယားအစိုးရက ဒီနေ့ (၁၁-၀၄-၂၀၂၀) စနေနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး Self-quarantine လုပ်ထားချိန်မှာ တာဝန်ရှိသူတွေ မသိအောက် အပြင်ထွက်သူတွေကို နောက်တစ်ခါထပ်မလုပ်နိုင်အောင် အပြစ်ပေးတဲ့အနေနဲ့ ဒီ အီလက်ထရောနစ်လက်ပတ်ကို တပ်ဆင်ပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အပတ်တုန်းက Self-quarantine လုပ်ဖို့ ညွှန်ကြားခံထားရတဲ့သူတွေဟာ စည်းကမ်းဖောက်ဖျက်ပြီး အပြင်ကိုခိုးထွက်တဲ့ အမှုတွေ နိုင်ငံထဲမှာ အမျာအပြားဖြစ်ခဲ့လို့ပါ။ ပုံမှန်ဆိုရင် Self-quarantine လုပ်ခံထားရတဲ့သူတွေ အနေနဲ့ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူကို သတင်းပို့ဖို့ ညွှန်ကြားထားသလို၊ ကျန်းမာရေးဝန်ထမ်းတွေ အခါအားလျော်စွာ ဖုန်းဆက်ပြီး အိမ်မှာရှိနေမနေ စစ်ဆေးတာကို ပြန်ဖြေကြားဖို့လိုပါတယ်။
          ဒါကြောင့် ဒီနေ့ အမျိုးသားလုံခြုံရေးနဲ့အရေးပေါ်တုံ့ပြန်ရေးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကိုရီးယား ဝန်ကြီးချုပ်က Self-quarantine လုပ်ချိန်မှာ အပြင်ထွက်တဲ့သူတွေ၊ ကျန်းမာရေးဌာနက ဖုန်းခေါ်ရင် မကိုင်တဲ့သူတွေကို ထိန်းချုပ်ဖို့အတွက် အချက်ပြစနစ်ပါဝင်တဲ့ ဒီအီလက်ထရောနစ် လက်ပတ်ကို ဝတ်ဆင်ခိုင်းဖို့အစိုးရအနေနဲ့ စီစဉ်နေပြီဖြစ်ကြောင်း ပြောသွားတာပါ။ ကျန်းမာရေးဌာနကတော့ သူတို့ဟာ ဒီလက်ပတ်ကို စမ်းသပ်တာ အောင်မြင်သွားပြီဖြစ်ကြောင်းနဲ့ လာမဲ့ ၂ပတ်အကြာဆိုရင်တနေ့ကို လက်ပတ်အခု ၄၀၀၀ ထုတ်လုပ်နိုင်တော့မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ဒီလက်ပတ်ဝတ်ထားရင် စောင့်ကြည့်ခံရတဲ့သူရဲ့တည်နေရာကို ကျန်းမာရေးဌာနက အမြဲသိရှိနေမှာဖြစ်ပြီး လက်ကနေဖြုတ်ဖို့ကြိုးစားရင်လည်း ကျန်းမာရေးဝန်ထမ်းတွေဆီ ချက်ခြင်းသတိပေးချက်ဝင်လာမှာပါ။
          ဒါပေမဲ့ ဒီလက်ပတ်ကို Self-quarantine လုပ်ခံရတဲ့သူတိုင်းကိုတော့ တပ်ဆင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပုံမှန် Self-quarantine သမားတွေကို လက်ပတ်အတင်းဝတ်ခိုင်းဖို့အတွက် တောင်ကိုးရီးယား ဥပဒေက ခွင့်မပြုပါဘူး။ ဒါကြောင့် အပေါ်မှာ ပြောပြခဲ့တဲ့ Self-quarantine စည်ကမ်းမလိုက်နာတဲ့သူတွေကိုသာ အပြစ်ပေးတဲ့အနေနဲ့ တပ်ဆင်ပေးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ တောင်ကိုရီးယားနိုင်ငံမှာ Self-quarantine လုပ်ဖို့ ညွှန်ကြားခံရသူ ၅၄၀၀၀ ခန့်ရှိပြီး ဒီထဲကမှ လူပေါင်း ၁၆၀လောက်က စည်းကမ်းဖောက်ဖျက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: koreatimes

Photo: AFP/Anthony Wallace

%d bloggers like this: