0

တရုတ်သို့ ချစ်ပ်ပြားထုတ်လုပ်စက်တင်ပို့မှု ကန့်သတ်မည်ဟု ဂျပန်ဆို

Share

ဂျပန်အစိုးရက နိုင်ငံခြားပို့ကုန်တင်ပို့မှုဥပဒေအား ပြောင်းလဲပြင်ဆင်လိုက်ပြီးနောက် တရုတ်သို့ semiconductor ထုတ်လုပ်ရေးစက်များတင်ပို့မှုကို ကန့်သတ်တော့မည်ဖြစ်ကြောင်း စနေနေ့ ကြေညာခဲ့သည်။

စည်းမျဉ်းသစ်သည် ဘေဂျင်းနှင့်ထိပ်တိုက်တွေ့မှုကို လျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်ဟု အတိအလင်းကြေငြာမည်မဟုတ်ပေ။

ဂျပန်နှင့်နယ်သာလန်တို့သည်လည်း Nikon Corp ၊ ASML Holdings ကဲ့သို့ ချစ်ပ်ပြားထုတ်လုပ်သူများက တရုတ်၏ စစ်ရေးအင်အားကို မြှင့်တင်ပေးမည့် ချစ်ပ်ပြား တင်သွင်းမှုများကို ရပ်တန့်ရေးတောင်းဆိုထားသည့် အမေရိကန်၏ အဆိုကို သဘောတူညီခဲ့ကြသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Getty Images

%d bloggers like this: