Huawei ကတော့ သူ့ရဲ့ကိုယ်ပိုင် app store တွေထဲမှာ Google maps အပါအဝင် Google ကပေးတဲ့ အခြားservices app တွေကို ပါဝင်စေချင်နေပါတယ်။ ဒီလိုထည့်သွင်းလိုတာဟာ Huawei ကထွက်ရှိလာတဲ့ နောက်ဆုံးပေါ် လက်ကိုင်ဖုန်း အသုံးပြုသူတွေကို ဆွဲဆောင်ရန်အတွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Huawei ဟာ Entity List လို့သိကြတဲ့ တရုတ်နှင့်ကုန်သွယ်မှုပြုလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေကို တားမြစ်ပိတ်ပင်တဲ့ စာရင်း Blacklist ထဲ ထည့်သွင်းခံခဲ့ရပါတယ်။ ဒါ့အပြင် Google ကိုယ်တိုင်လည်း Android mobile operating system လိုင်စင်မပေးဖို့ ဖိအားပေးခံခြင်းခဲ့ရပါသေးတယ်။
Huawei ရဲ့နံမည်ကျော် ဖုန်း မော်ဒယ်လ်၂မျိုးဖြစ်တဲ့ Mate 30 နဲ့ P40 တို့ဟာ Google apps လိုင်စင်မပါပဲ ထွက်ရှိလာခဲ့တာပါ။ သဘောကတော့ ဖုန်းထဲမှာ Google maps တို့ Gmail တို့ဟာ အဆင်သင့်ပါလာတာမဟုတ်ပဲ သုံးစွဲချင်ရင် user ကသပ်သပ် install လုပ်ရမှာဖြစ်ပါတယ်။
ဒီပြဿနာဟာ Google Service တွေကို တရားဝင်အသုံးပြုလို့မရအောင် တားမြစ်ထားတဲ့ တရုတ်ပြည်က Huawei အတွက် ကြီးမားတဲ့ ပြဿနာတခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ ဈေးကွက်ထဲက Huawei users တွေအတွက်ကတော့ လိုင်စင်ရှိတဲ့ Android ဗားရှင်းကို အသုံးပြုနေကြဖြစ်တာကြောင့် ပြဿနာ အနည်းငယ်ဖြစ်နေပါတယ်။ Blacklist မှာထည့်သွင်းခံရတာကြောင့် Huawei အနေနဲ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့ကြောင်း Huawei ၏ ဥက္ကဌ ဖြစ်သူ Eric Xu ကဆိုပါတယ်။
Huawei က သူ့ကိုယ်ပိုင် Operating System ဖြစ်တဲ့ HarmonyOS ကိုပြီးခဲ့တဲ့နှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ဒီ OS ဟာ TV နဲ့ smartphone စတဲ့ devices အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ယခုထိတော့ ဖုန်းတွေမှာပဲ အသုံးပြုထားပါသေးတယ်။ Huawei ရဲ့ကိုယ်ပိုင် app store ထဲမှာ လူသုံးများတဲ့ Facebook နဲ့ Instagram တွေတော့ ပါဝင်ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ မေလမှာ Blacklist အသွင်းခံလိုက်ရကတည်းက Huawei ကGoogle ရဲ့services တွေကို သူ့ဖုန်းတွေမှာဆက်လက်ထည့်သွင်းဖို့ဆန္ဒရှိနေပေမဲ့လည်း သူ့ရှေ့ရေးအတွက် အခြား နည်းလမ်းတခုရှိမှဖြစ်တော့မယ်လို့Xu ကပြောခဲ့ပါတယ်။ Xu ရဲ့စိတ်ကူးကတော့ တရုတ်နိုင်ငံ ပြင်ပမှာရှိနေတဲ့ နိုင်ငံတကာမှ Huawei users တွေကိုတော့ Andriod လိုင်စင် ဗားရှင်း အတွက် တရုတ်ကုမ္ပဏီတွေကို မီခိုနေစရာတော့ မလိုအပ်ပါဘူး။
“Huawei က သူ့၏ကိုယ်ပိုင် AppGallery အတွက်ပညာရှင် Developers တွေရှိနေတယ်ဆိုရင်တောင် Google လို အရေးပါတဲ့ app developers မျိုးတွေမရှိနိုင်ပါဘူး။ အကယ်၍ Google ကိုသာရမယ်ဆိုရင် Huawei အတွက်တကယ့်မှတ်တိုင်တခုဖြစ်လာပါလိမ့်မယ်” လို့ IDC ၏ ဒုဥက္ကဌ Bryan Ma ကဆိုပါတယ်။
Source: CNBC