တရုတ် ဆက်သွယ်ရေးလုပ်ငန်းစုကြီး Huawei သည် စင်ကာပူ၏ အဓိက 5G network တည်ဆောက်ရေးတွင် Nokia နှင့် Ericsson တို့ကိုအရှုံးပေးခဲ့ရသည်။ သို့သော်လည်း စွမ်းဆောင်ရည်သက်သက်သာသာဖြင့် ပိုမိုကျယ်ပြန့်သည့် လူနေမှုစနစ် (ecosystem) တည်ဆောက်ရာတွင် ပါဝင်နေဦးမည်ဖြစ်သည်။
နိုင်ငံ၏ အဓိကဆက်သွယ်ရေး Network ၂ ခုတည်ဆောက်ရန်အတွက် စင်ကာပူ ဆက်သွယ်ရေးနှင့်မီဒီယာအာဏာပိုင်ဖြစ်သည့် Infocomm Media Development Authority (IMDA) က ဧပြီလတွင် ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီများရွေးချယ်ပေးခဲ့ပြီး ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က နောက်ဆုံးလုပ်ထုံးလုပ်နည်းဆိုင်ရာဥပဒေများအားလုံး အပြီးသတ်ပေးခဲ့သည်။
5G ဆိုသည်မှာ ပိုကြီးသော web traffic ကိုစွမ်းဆောင်နိုင်သည့် bandwidth နှင့် ပိုမိုမြန်ဆန်သော data speeds ကိုပေးစွမ်းနိုင်သည့် မိုဘိုင်းအင်တာနက် ပဉ္စမမျိုးဆက်ဖြစ်သည်။
စင်ကာပူ၏ 5G Network တည်ဆောက်ရန် ဆွီဒင်၏ Ericsson သည် အဓိက ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူ ဖြစ်ပြီး ပြည်တွင် ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် Starhub နှင့် M1 တို့နှင့်လည်း (Joint-Ventrue) ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ဖင်လန်၏ Nokia မှာ အကောင်းဆုံးနည်းပညာပါတနာတဦးအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း စင်ကာပူ၏ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Singtel အပါအဝင် အတူပူးပေါင်းဆောင်ရွက်ကြမည့် Starhub နှင့် M1 တို့က သီးသန့် 5G Network တည်ဆောက်ကြမည်ဖြစ်သည်။ အဆိုပါအခြေခံအဆောက်အအုံများသည် 5G အထူးပြုနည်းပညာများဖြင့် ဒီဇိုင်းဆွဲထားပြီး အကျယ်ပြန့်ဆုံး network ရရှိအောင် ပြုလုပ်ပေးမည်ဖြစ်ကာ ထိုကဲ့သို့ တည်ဆောက်ရန် ငွေကြေးအကုန်အကျအလွန်များသည်။ စင်ကာပူပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၄ ခုစလုံးက 5G တည်ဆောက်ရန် ကမ်းလှမ်းထားကြသည်။
IMDA က စင်ကာပူအတွက် 5G Network အတွက်ပြည့်မီရန် လိုအပ်သည့် အရည်အသွေး၊ လုံခြုံစိတ်ချရမှုနှင့် စွမ်းဆောင်ရည်တို့နှင့်ပါတ်သတ်ပြီး ပြီးခဲ့သည့်အောက်တိုဘာလက တိကျရှင်းလင်းစွာထုတ်ပြန်ပေးခဲ့ကြောင်း စင်ကာပူ၏ ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ S Iswaran ကပြောခဲ့သည်။
စင်ကာပူ၏ 5G တည်ဆောက်ရာတွင် Huawei ပါဝင်ခွင့်ကိုတမင် ပယ်ချထားခြင်းမျိုး ပြုလုပ်ခဲ့ခြင်းမရှိကြောင်းနှင့် အချို့ဆက်သွယ်ရေးကုမ္ပဏီများကပင် တရုတ် လုပ်ငန်းစုကြီးဖြစ်သည့် ZTE နှင့် အတူလက်တွဲရန် စိတ်ဝင်စားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြည်တွင်း Network တည်ဆောက်ရန်အတွက် Nokia က အကောင်းဆုံးပံ့ပိုးပေးနိုင်သည့် နည်းပညာ supplier တဦးဖြစ်ကြောင်း Starhub ကဆိုသည်။ ထို့ပြင် Huawei နှင့် ZTE ကဲ့သို့အခြားကုမ္ပဏီများနှင့်လည်း လိုအပ်သည့် နည်းပညာလုပ်ငန်းများတွင် လက်တွဲလုပ်ဆောင်ရန်ရှိကြောင်း ဆိုခဲ့သည်။
Huawei သည် 5G Network တည်ဆောက်ရာတွင် နံမည်အကြီးဆုံးပြိုင်ဖက်တဦးဖြစ်သည်။ သို့သော် အမေရိကန်က hardware အစိတ်အပိုင်းများတွင် လုံခြုံရေးအားနည်းချက်များကြောင့် ကုမ္ပဏီကို တရားစွဲဆိုထားပြီး တရုတ်၏ စပိုင်ဖြစ်ကြောင်း စွပ်စွဲထားသည်။ ဝါရှင်တန်က သူ၏ မဟာမိတ်များကို 5G network တည်ဆောက်ရာမှာ Huawei ကိုပါဝင်ခွင့်မပြုရန် လှုံဆော်ထားသည်။ Huawie ကတော့ အဆိုပါစွပ်စွဲချက်များ မမှန်ကန်ကြောင်း အခိုင်အမာငြင်းဆိုထားသည်။
Iswaran က စင်ကာပူ၏ 5G Network တည်ဆောက်ရန် ကုမ္ပဏီများရွေးချယ်ရာတွင် လုံခြုံစိတ်ချရမှုနှင့် စွမ်းဆောင်မှုအရည်အသွေးသည် အဓိကဦးစားပေးစဉ်းစားရမည်ဖြစ်ကြောင်း ဆိုသည်။
IMDA က ကုမ္ပဏီများသည် ကိုယ်ပိုင် 5G Network များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင်တည်ဆောက်ရမည်ဖြစ်ပြီး ၂၀၂၂ တွင် နိုင်ငံ၏ ၅၀% နှင့် ၂၀၂၂ ခုနှစ်တွင် ၁၀၀% နိုင်ငံတဝှမ်းလုံး Coverage ပြည့်အောင်ပေးရမည်ဖြစ်ကြောင်း ကြေညာထားသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC News
Photo: Asltoes, Twitter