အမေရိကန်နိုင်ငံဘက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားမှုနှင့်ပက်သက်၍ Huawei (ဟွားဝေ) ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စ မန့်ဝမ်ကျိုး (Meng Wanzhou) သည် ခုခံချေပသည့် အရေးကြီး အဆိုတခုရှုံးနိမ့်ခဲ့သည်ဟု ကနေဒါတရားရုံးက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသားဖြစ်သူ မစ္စ မန့်ဝမ်ကျိုးအား Huawei ပိုင် အီရန်ရှိ ကုမ္ပဏီတစ်ခုနှင့် HSBC ဘဏ်တို့ကြား မသမာမှုများပြုလုပ်ခဲ့သည်ဟု ဆိုကာ အမေရိကန် အာဏာပိုင်များမှထုတ်ပြန်သော ဝရမ်းဖြင့် ၂၀၁၈ ခုနှစ်အတွင်း ကနေဒါနိုင်ငံ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မစ္စ မန့်၏ ရှေ့နေသည်လည်း အမေရိကန် ရှေ့နေဖြစ်ပြီး ယခုကဲ့သို့ စွတ်စွဲထားချက်များသည် ကနေဒါနိုင်ငံရှိ ရာဇဝတ်မှုများ အဖြစ်သတ်မှတ်ထားသော အရာများ မဟုတ်ကြောင်း၊ ထို့ကြောင့် အမှုမှာ ပ လပ် သွားရမည့် ကိစ္စသာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
သို့သော်လည်း ကနေဒါနိုင်ငံ British Columbia ၏ အထက်တရားရုံး တွဲဖက်တရားသူကြီး Heather Holmes က သဘောတူညီခဲ့ခြင်းမရှိပေ။
မစ္စ မန့် အနေဖြင့် ရာဇဝတ်မှု ၂ ခုကို တပြိုင်တည်းကျူးလွန်ခဲ့သည်ဟု သတ်မှတ်ခဲ့သည်။
ဟွာဝေး အကြီးအကဲ မစ္စမန့်အနေဖြင့် ယခုကဲ့သို့ စီးပွားရေးဆိုင်ရာ မသမာမှုများပြုလုပ်ခဲ့ခြင်းပုံစံမျိုးနှင့် ကနေဒါသို့ ရောက်ရှိခဲ့ခြင်းသည် နိုင်ငံ၏ တရားခံလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စများ၊ လုပ်နိုင်စွမ်းအားများကို ကန့်သတ်နေသည်နှင့်တူကြောင်း မစ္စ ဟုမ်း (Heather Holmes) က ဆိုသည်။
ယခု တရားရုံးကြားနာမှုများသည် လာမည့် ဇွန်လ တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
တရားစွဲဆိုမှုများနှင့် ပြန်လည် ချေပမှုများသည် လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာ ပထမ အပတ်ထဲတွင်ပြီးဆုံးမည်ဟု မျှော်လင့်ထားကြသည်။
မစ္စ မန့်ဝမ်ကျိုး၏ ရှေ့နေဖြစ်သူ US Lawyer Reid Weingarten က သူ၏ အမှုသည်အနေဖြင့် အင်အားကြီး ၂ နှစ်နိုင်ငံ ဖြစ်သည့် တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုတွင် စစ်တုရင် နယ်ရုပ် သို့မဟုတ် ၂ နိုင်ငံကြား ဓါးစာခံသဖွယ် ဖြစ်မနေသင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်များနှင့် ပက်သက်၍ Ottawa (ကနေဒါ) ရှိ တရုတ်သံရုံးက မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ယခု အမှုကိစ္စသည် ကနေဒါ အစိုးရ ရုံးစိုက်ရာ အော့တဝါ (Ottawa) နှင့် တရုတ်အစိုးရရှိရာ ဘေဂျင်း (Bejing) အကြား ဆက်ဆံရေးကို ဆိုးရွားလာစေဖွယ်ရှိနေသည်။
တရုတ်ပြည်အစိုးရသည် Canola Oil Seed အပါအဝင် ကနေဒါထွက်ကုန်များကို ကန့်သတ်မှုများ ပြုလုပ်ထားပြီဖြစ်သည်။
ယခု ကိစ္စများသည် တရုတ်ပြည် အစိုးရမှ ဟွာဝေးဖုန်း ကုမ္ပဏီအား နိုင်ငံ၏ 5g Network ဆက်သွယ်ရေး၊ နည်းပညာလုပ်ငန်း အစိတ်အပိုင်းအဖြစ်သတ်မှတ်ပြီးနောက်တွင် ဖြစ်ပွားလာခြင်းဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: ABC News Australia, Wired UK, Photo: AP via The Canadian Press