0

၂၀၂၀မှာ တရုတ်ရဲ့ ဒုတိယ သြဇာအကြီးဆုံး မိုဘိုင်းဖုန်းကုမ္ပဏီဖြစ်လာဖို့ ရည်မှန်းနေတဲ့ Honor ကုမ္ပဏီ

Share

     တရုတ်စမတ်ဖုန်းလောကရဲ့ ဦးဆောင်သူ Huawei ဖုန်းကုမ္ပဏီရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Honor ကုမ္ပဏီဟာ မကြာသေးခင်ကပဲ သူတို့ရဲ့ နောက်ဆုံးမော်ဒယ် Honor 30 Series ကိုထုတ်လုပ်ခဲ့ပြီးနောက် ဒီဖုန်းတွေရဲ့ မိတ်ဆက်ပွဲမှာ သူတို့ဟာ ဒီနှစ်ကုန်ရင် တရုတ်နိုင်ငံမှာ Huawei ရဲ့နောက် ဒုတိယ သြဇာအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်လာဖို့ ရည်မှန်းချက်ထားနေကြောင်း ပြောသွားတာပါ။ ဘာလို့လဲဆိုတော့ ဒီအချိန်ဟာ နိုင်ငံတွင်းမှာ ကပ်ရောဂါပြန့်ပွားမှုကနေ ပြန်လည်ရုန်းထဖို့ ကြိုးစားနေတဲ့ အတွက် ဒီအချိန်မှာ အားသွန်ပြီး ကြိူးစားလိုက်ရင် တခြားပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာသွားဖို့ အခွင့်အရေးများနေလို့ပါ။ ဒါကြောင့်လဲ သူတို့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာကျောက်မင်က သူတို့ရဲ့ Honor 30 ဖုန်းတွေဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်နည်းပညာတွေကိုသုံးပြီး ထုတ်လုပ်ထားတဲ့အတွက် ကုမ္ပဏီအတွက်လည်း မှတ်တိုင်သစ်တစ်ခုဖြစ်သလို မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့လည်း မတူဆန်းပြားတဲ့ အတွေ့အကြုံတွေကို ရစေမှာပါလို့ အာမခံသွားပါတယ်။
     လောလောဆယ်မှာတော့ Honor 30 ဖုန်းတွေကို ၂၉၉၉ ယွမ် ( ၄၂၄ ဒေါ်လာ) နဲ့ဝယ်ယူနိုင်ပြီး ခုလက်ရှိတရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ 5G နက်ဝေါ့ကို သုံးစွဲနိုင်အောင် လုပ်ပေးထားပါတယ်။ Honor 30 Series မှာတော့ Honor 30, Honor 30 Pro နဲ့ Honor 30 Pro Plus ဆိုပြီး ၃မျိုးခွဲကာ ရွေးချယ်နိုင်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီနှစ်အကုန်မှာ တစ်နိုင်ငံလုံးကို 5G ကွန်ယက်နဲ့ လွှမ်းခြုံနိုင်ဖို့ ရည်မှန်းနေပြီး မိုဘိုင်းဖုန်း ဈေးကွက်ထဲမှာလဲ ဒီဧပြီလမှာဆို 5G smart phone တွေရဲ့ ဝယ်လိုအားက ၂၀ရာခိုင်နှုန်းထိရှိနေပါတယ်။ မိုဘိုင်းဖုန်းဈေးကွက်သုံးသပ်သူတွေကတော့ ဒီနှစ်တစ်နှစ်လုံးစာဆိုရင် ဈေးကွက်ထဲမှာ 5G smart phone တွေရဲ့ ဝယ်လိုအားက ၆၀ ရာခိုင်နှုန်းထိရှိနေမယ်လို့ ခန့်မှန်းထားကြပါတယ်။ Honor smart phone ကုမ္ပဏီကတော့ ဈေးကွက်ထဲမှာ နံပါတ်(၂) နေရာရဖို့ဆိုရင် အနီးဆုံး မဟာပြိုင်ဘက်တွေဖြစ်တဲ့ Xiaomi, Oppo, Vivo, Meizu စတဲ့ ကုမ္ပဏီတွေနဲ့ အသည်းအသန်ပြိုင်ရဖို့ ရှိနေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: China Daily

%d bloggers like this: