တရုတ်၌ ဖျော်ဖြေရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ရုပ်ပြစက်ရုပ် (virtual person) များ အသုံးပြုမှု တွင် ကျယ်လာခဲ့သည်။ ရုပ်ပြစက်ရုပ်များကို animation, အသံ, machine learning စသည့်နည်းပညာများဖြင့် ပေါင်းစပ်ဖန်တီးထားပြီး ရုပ်သံထုတ်လွှင့်မှုနှင့် Livestream တို့တွင် အသုံးပြုကြကာ၊ ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီများ၊ ပြည်တွင်းခရီးသွားဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံပိုင်မီဒီယာများကပါ ဝယ်ယူအသုံးပြုလျက်ရှိသည်။
Virtual person ဝယ်လိုအား နှစ်စဉ်မြင့်တက်လာသကဲ့သို့ ၊ ကုန်ကျစရိတ်မှာလည်း ယခင်နှစ်ထပ် ၈၀% အထိသက်သာလာခဲ့သည်။ နှစ်ဖက်မြင်အရုပ်အတွက် တစ်နှစ်လျှင် ယွမ် ၁ သိန်းနှင့် နှစ်ဖက်မြင်အတွက် ယွမ် ၂ သောင်းသာကျသင့်မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ရုပ်ပြစက်ရုပ်အသုံးပြုမှု ၅၀%အထိ တိုးတက်မည်ဟု စက်ရုပ်မျိုးစုံ ဖန်တီးထုတ်လုပ်နေသည့် Baidu နည်းပညာကုမ္ပဏီက ခန့်မှန်းထားသည်။
တရုတ်ပြည်တွင်း အနုပညာရှင်များသည် အခွန်ရှောင်တိမ်းမှု၊ လိင်ကိစ္စနှင့် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများစွာတို့ကြောင့် တရုတ် Brands များက လူသားထက် စက်ရုပ်များအား အစားထိုးရန်ပိုမိုလိုလားလာကြသည်ဟုဆိုသည်။
တရုတ်တွင် နည်းပညာကုမ္ပဏီများ၏ စက်ရုပ်တီထွင်မှုများမှာ တစ်နှစ်ထပ်တစ်နှစ် အပြိုင်အဆိုင်တိုးတက်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်ကမိတ်ဆက်ခဲ့သော Luo Tianyi ဇာတ်ကောင်သည် fans ၃ သန်းနီးပါးရှိပြီး ယမန်နှစ် ဘေဂျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သေးသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Ref: TechCrunch, Blockster, CNBC
Photo: Getty Images