အသုံးပြုသူများ၏ လုံခြုံရေးပိုင်းဆိုင်ရာကို တိုးမြှင့် ခြင်းအနေဖြင့် နှစ်နှစ််ကျော်ခန့် အသုံးပြုခြင်းမပြုတော့သည့် အကောင့်များကို ယခုနှစ်ဒီဇင်ဘာလမှစတင်ကာ ဖျက်သိမ်းသွားတော့မည်ဖြစ်ကြောင်း Googleက ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုကဲ့သို့ နှစ်နှစ််ကျော်ခန့် sign in ဝင်ရောက်ခြင်းမရှိတော့သည့် အကောင့်များကို ဖျက်သိမ်းရာတွင် ၎င်းအကောင့်နှင့် ချိတ်ဆက်ထားသည့် Gmail, Docs, Drive, Meet, Calendar, YouTube နှင့် Google Photos တို့ကိုပါ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ပေါ်လစီသည် တကိုယ်ရေသုံးအကောင့်များကိုသာ သက်ရောက်မည်ဖြစ်ပြီး လုပ်ငန်းသုံးအကောင့်နှင့် ပညာရေးအကောင့်များမှာ ဖျက်သိမ်းသည့်ထဲတွင် မပါဝင်ကြောင်း Google၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
Googleသည် ၂၀၂၀ ခုနှစ်တွင်လည်း အသုံးပြုခြင်းမရှိတော့သည့် အကောင့်အဟောင်းများက အချက်အလက်များကို ဖျက်သိမ်းမည့် ပေါ်လစီခမှတ်ဘူးပြီး ထိုစဥ်ကတော့ အချက်အလက်များသားဖျက်သိမ်းခဲ့ပြီး.အကောင့်ကို ဖျက်သိမ်းခြင်းမပြုခဲ့ပါ။
ယခုအပတ်မှစတင်၍ Googleသည် အသုံးပြုခြင်းမရှိသည့် အကောင့်များသို့ ဖျက်သိမ်းတော့မည့်အကြောင်းသတိပေးချက်များ စတင်ပေးပို့သွားမည်ဖြစ်ပြီး မည်သည့်တုံပြန်မှုမျှ မရရှိပါက အပြီးတိုင်ဖျက်သိမ်းသွားမည်ဖြစ်သည်။
အထူးသဖြင့် အကောင့်ဖွင့်လှစ်ပြီးနောက် နှစ်အတော်ကြာ active မဖြစ်သည့် အကောင့်များကိုဦးစားပေးရှင်းလင်းသွားဖြစ်ကြောင်း၊ ၎င်းအကောင့်များမှာ နောက်ဆုံးပေါ် လုံခြုံရေးစနစ်များဖြစ်သည့် two factor verification စနစ်များလည်း မရှိထားခြင်းကြောင့် ဟက်ကာများ၏ အလွယ်တကူပစ်မှတ်များဖြစ်လာနိုင်သောကြာင့်ဖြစ်ကြောင်း Googleက ရှင်းပြထားသည်။
အကယ်၍ အကောင့်မဖျက်စေလိုပါက အဆိုပါ Googleအကောင့်သို့ဖြစ်စေ၊ အဆိုပါအကောင့်ဖြင့် ချိတ်ဆက်ထားသည့် YouTube သို့မဟုတ်.Gmailသို့ဖြစ်စေ log in ဝင်ရောက်၍ အချိန်အနည်းငယ် အသုံးပြုပေးရန်သာ လိုကြောင်းသိရသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : Reuters, CNN
Photo: ABC