0

တရုတ်လျှပ်စစ်ကား Zeekr ဒေါ်လာ သန်း ၇၅၀ ရင်းနှီးငွေထပ်ရ

Share

တရုတ်ကားကုမ္ပဏီ Geely ပိုင်ဆိုင်သည့် အမှတ်တံဆိပ်ဖြစ်သော လျှပ်စစ်ကား Zeekr သည် တရုတ်ဘက်ထရီလုပ်ငန်းကြီး CATL အပါအဝင် အခြားရင်းနှီးမြုပ်နှံသူများထံမှ ဒေါ်လာ ၇၅၀ သန်း ရင်းနှီးမြှုပ်နှံငွေ ထပ်မံရရှိခဲ့ပြီးနောက် လုပ်ငန်းတန်ဖိုးသည် ဒေါ်လာ ၁၃ ဘီလျံ သို့ရောက်ရှိခဲ့သည်ဟု တနင်္လာနေ့က ကြေညာခဲ့သည်။

Zeekr သည် လက်ရှိအချိန်အထိ အများပြည်သူသို့ ရှယ်ယာများရောင်းချခြင်းမရှိသေးဘဲ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီကြီးများထံမှသာ ငွေရင်းနှီးမှုများရှာဖွေနေဆဲဖြစ်သည်။
Zeekr ၏ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၁၃ ဘီလျံ ဖြစ်သွားသည့်အတွက် အဆိုပါလျှပ်စစ်ကားသည် တရုတ်ပြည်ဖွား လျှပ်စစ်ကားကုမ္ပဏီ ၁ ခုဖြစ်သော Xpeng ထပ်ပင် စာရွက်စာတမ်းအချက်အလက်များအရ ပိုမိုတန်ကြေးရှိလာပြီဖြစ်သည်။

အခြားသော တရုတ်လျှပ်စစ်ကားကုမ္ပဏီများဖြစ်သည့် Nio သည် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၇.၂၂ ဘီလျံ ရှိပြီး Li Auto သည် ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၅.၂၂ ဘီလျံ အသီးသီး ရှိနေကြသည်။
တရုတ်ကားကုမ္ပဏီ Geely သည် လျှပ်စစ်ကားအမှတ်တံဆိပ် Zeekr ကို ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ယခုအချိန်အထိ အစီးရေပေါင်း ၈ သိန်းကျော် တင်ပို့ရောင်းချပြီးဖြစ်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Refinitiv Eikon, Tech Crunch, Geely ZGH Media Center
Image: Move Electric

%d bloggers like this: