ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ မိုဘိုင်းဂိမ်း၊ ကွန်ပျူတာဂိမ်းတွေ အပါအဝင် Console Games စတဲ့ ဂိမ်းအမျိုးအစားများစွာပါဝင်နေပါတယ်။ ဂိမ်းထုတ်လုပ်ရေး၊ ဖြန့်ချိရေး၊ ဝန်ဆောင်မှု၊ ဂိမ်းနှင့် ဆက်စပ် ငွေသွင်းငွေထုတ်တာတွေနဲ့ ပတ်သက်လို့ ဂိမ်းလောကဟာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကိုလည်း သိသာတဲ့ သက်ရောက်မှုရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ကစပြီး ဂိမ်းလောကရဲ့ စီးပွားရေးအပေါ်သက်ရောက်မှုတွေကို စစ်တမ်း၊ စာရင်းအင်းထုတ်ပြန်တာတွေရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၉ အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုမှာ
– ဂိမ်းတွေထုတ်လုပ်ရောင်းချတဲ့ တန်ဖိုး ကန်ဒေါ်လာ ၂၆၁.၄ ဘီလျံ
– အလုပ်အကိုင်ပေါင်း ၁.၈ သန်း ဖန်တီးပေးနိုင်ခဲ့ပြီး၊ ဝန်ထမ်းစုစုပေါင်းရဲ့ ဝင်ငွေဟာ လစာ၊ Bonus၊ အပိုဆုတွေ ပေါင်းလိုက်ရင် ကန်ဒေါ်လာ ၇၄ ဘီလျံခန့်ထိရှိမှု
– အစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသတွင်း အခွန်ကောက်ခံရရှိမှု စုစုပေါင်း ကန်ဒေါ်လာ ၄၀.၈ ဘီလျံ နဲ့ အခြား ဂိမ်းနဲ့ဆက်စပ် အခွန် ၁၀.၇ ဘီလျံ ထိ ရှိကြောင်း သိရပါတယ်။
အလုပ်အကိုင် ၁.၈ သန်းထိ ဖန်တီးပေးနိုင်မှုဟာ နိုင်ငံတွင်းမှာ အဆင့် ၂၈ နေရာမှာရှိနေတဲ့ လုပ်ငန်းနယ်ပယ်တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။
အခြား အချက်အလက်များအရ KNOEMA မှ စစ်တမ်းကောက်ယူထားသော World Top Gaming Revenue Countries များကို ဖေါ်ပြလိုက်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများတွင် အင်ဒိုနီးရှား (အဆင့် ၁၇ – ဒေါ်လာ သန်း ၁၀၈၄)၊ ထိုင်း (အဆင့် ၁၉ – ဒေါ်လာ သန်း ၆၆၇)၊ မလေးရှား (အဆင့် ၂၁ – ဒေါ်လာ ၆၃၃ သန်း)၊ ဖိလစ်ပိုင် (အဆင့် ၂၉ – ဒေါ်လာ ၄၆၁ သန်း) စသဖြင့် ထိပ်သီးဥရောပ နိုင်ငံများကို ကျော်ဖြတ်နေရာယူလျက်ရှိသည်ကို တွေ့ရပြီး မြန်မာနိုင်ငံသည်လည်း အဆင့် ၆၄ – ဒေါ်လာ ၇၆ သန်းဖြင့် ရပ်တည်နေကြောင်း တွေ့ရပါတယ်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: knoema, americangaming, the guardian, pyramind