0

Samsung နဲ့ Apple တို့ရဲ့ နည်းပညာမြင့် မိုဘိုင်းဖုန်း အပြိုင်အဆိုင် ထုတ်လုပ်နေမှုဟာ စာသုံးသူတွေအတွက် မကြုံဖူးတဲ့ ဈေးနှုန်းတွေဖြစ်လာဖို့ ပိုမိုဦးတည်နေ

Share

          ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၂ရက်) က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမှာ Samsung ကုမ္ပဏီက သူတို့ရဲ့ ဖုန်းအသစ်မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ သူတို့ရဲ့ နောက်ဆုံးထုတ် နည်းပညာမြင့် ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy Z Flip ကိုပွဲထုတ်ခဲ့တာပါ။ ဒီဖုန်းဟာ မိတ်ကပ်ဘူးလေးလို ခေါက်ချိုးချိုးလို့ရတဲ့ဖုန်းဖြစ်ပြီး မိတ်ဆက်ပြသသူ၊ Samsung ရဲ့ Marketing Head ဖြစ်တဲ့ Rebecca Hirst ကတော့ သုံးစွဲသူတွေဟာ အရင်တခါမှ မမြင်ဖူးသေးတဲ့ အတွေ့အကြုံအသစ်အဆန်းကို ကြုံရမယ်လို့ ဆိုပါတယ်။

          ဒါပေမဲ့ ဈေးနှုန်းကို ကြေငြာတဲ့ အချိန်မှာတော့ လက်ခုပ်သံ ကြိုကြား ကြိုကြားပဲ ထွက်ပေါ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဈေးက ဒေါ်လာ ၁၃၈၀ ဖြစ်နေလို့ပါပဲ။ ဈေးအရမ်းများတယ်ဆိုပေမဲ့ ဒါဟာ Samsung ရဲ့ High-end တွေထဲမှာ ဒုတိယ ဈေးအများဆုံး ဖုန်းဖြစ်နေတုန်းပါ။ ဘာလို့လဲဆိုတော့ သူရှေ့က ထွက်ထားတဲ့ Samsung Galaxy S20 Ultra ရဲ့ဈေးက ဒေါ်လာ ၁၃၉၉ ဖြစ်နေလို့ပါပဲ။ တကယ်လို့ S20 ရဲ့ 512 GB ဗားရှင်းကို သာဝယ်မယ်ဆိုရင် ဒေါ်လာ ၁၅၉၉ လောက်ထိကို တက်သွားနိုင်ပါတယ်။

          ဒီလို ဒေါ်လာထောင်ကျော် ဖုန်းတွေထွက်လာရတဲ့ ဇာတ်လမ်းအစကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ကစပါတယ်။ အဲဒီတုန်းက Apple ကသူ့ရဲ့ iPhone X ကို ၉၉၉ ဒေါ်လာနဲ့ စပြီးရောင်းချခဲ့တာပါ။ စရောင်းကာစကတုန်းကတော့ ဈေးကွက်စောင့်ကြည့်သူတွေက ဒီဈေးကို စားသုံးသူတွေ တတ်နိုင်ပါ့မလားဆိုပြီး မျက်ခုံးပင့်ခဲ့ကြပေမဲ့ နောက်နှစ်တွေမှာတော့ သူ့ထက်ငါ အပြိုင်အဆိုင် နည်းပညာမြင်၊့ ဈေးနှုန်းမြင့်ဖုန်းတွေ လိုက်ထုတ်ကြရင်း ခုအခါမှာတော့ Apple၊ Samsung အပါအဝင် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးတွေရဲ့ Flagship ဖုန်းတွအကုန်လုံးဟာ ဒေါ်လာထောင်ကျော်တွေချည်း ဖြစ်ကုန်ပါတော့တယ်။

          အပေါ်က ပြောပြခဲ့တဲ့ Galaxy S20 နဲ့ Galaxy Z Flip ဖုန်းတွေမှာဆိုရင် Samsung ရဲ့ နောက်ဆုံးပေါ် 5G နည်းပညာအပြင်၊ သက်တမ်းရှည် ဘတ္တရီရယ်၊ စွမ်းဆောင်ရည်မြင့် ကင်မရာတွေရယ်တပ်ဆင်ပေးထားပါတယ်။ တစ်ဘက်က ပြိုင်ဘက် Apple ရဲ့ 5G ဖုန်းကိုတော့ ဒီနှစ်နှစ်ကုန်လောက်ထိ မြင်ရဖို့ မရှိလောက်သေးဘူးလို့ ဆိုပါတယ်။ ဒီလို ဖုန်းတွေ ဈေးနှုန်းမြင့်တက်လာတဲ့ အပေါ် နည်းပညာ ဈေးကွက်သုံးသပ်သူတွေကတော့ ဝယ်ယူသုံးစွဲသူတွေဟာ အရင်ကထက်စာရင်တော့ သူတို့ဖုန်းကို လပိုင်းလောက်နဲ့ နောက်တစ်လုံးလဲတာမျိုးတော့ တော်တော်နည်းသွားတယ်လို့ ဆိုပါတယ်။

Source: CNN

%d bloggers like this: