0

ဂျပန် နည်းပညာကုမ္ပဏီ ဖူဂျစ်ဆုက ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်ခွင့်ကိုသာ ကျင့်သုံးတော့မည်

Share

ဂျပန်နည်းပညာကုမ္ပဏီ Fujitsu က ၎င်း၏ ဂျပန်ရှိရုံးအား နေရာအကျယ် ထက်ဝက်ခန့် လျှော့ချတော့မည်ဖြစ်ပြီး ယခုအပြောင်းအလဲသည် ကိုရိုနာဗိုင်းရပ်စ်နောက်ဆက်တွဲ “new normal” ကိစ္စတခုအဖြစ် ကျင့်သုံးသွားမည့်ဖြစ်စဉ်ဟု ကြေညာသွားခဲ့သည်။

ကုမ္ပဏီက “Work Life Shift” ဘဝနှင့်အလုပ်အကိုင်အရွေ့ဟု အမည်ပေးထားသည့် အစီအစဉ်ကို နိုင်ငံတွင်းရှိ အလုပ်သမား ၈၀၀၀ ကို ကမ်းလှမ်းသွားမည်ဟု ဆိုသည်။

ဝန်ထမ်းများအနေဖြင့် ယခင်ကကဲ့သို့ ရုံးတက်ရုံးဆင်းချိန်များမဟုတ်တော့ဘဲ အဆင်ပြေသင့်လျော်သည့် အလုပ်ချိန်အပါအဝင် အိမ်မှနေ၍ အလုပ်လုပ်နိုင်ခြင်းစသည်တို့ကို ရွေးချယ်ခွင့်ရှိသွားမည်ဖြစ်သည်။

Fujitsu ကုမ္ပဏီက ယခုဖြစ်စဉ်သည် အလုပ်လုပ်ကိုင်ရန် ပိုမိုအားကောင်းသော၊ ပိုမိုအလုပ်ဖြစ်သော နည်းလမ်းသစ်တစ်ခုဖြစ်လာမည်ဖြစ်ပြီး ဝန်ထမ်းများအတွက်လည်း ဆန်းသစ်တီထွင်မှုများနှင့် တန်ဖိုးထားမှုအသစ်များ ပိုမိုဖန်တီးနိုင်မည်ဟု ပြောကြားခဲ့သည်။

အလုပ်လုပ်ကိုင်မှု ပုံစံသစ်ကြောင့် ဖုဂျစ်ဆု၏ ဝယ်လက် ဖေါက်သည်များနှင့် လူ့အသိုင်းအဝိုင်းအတွက် တန်ဖိုးထားမှုပုံစံသစ်များရရှိလာစေမည်ဟု ဆိုသည်။

ယခု အစီအစဉ်တွင် ဝန်ထမ်းများအနေဖြင့် ရုံးသို့လာစရာမလိုဘဲ အခြား အဆင်ပြေသည့် နေရာမှ အလုပ်လုပ်နိုင်ပြီး အလုပ်နှင့်ပါတ်သက်သည့် ဆောင်ရွက်စရာကိစ္စများသည် ရာထူးနေရာအလိုက်သော်လည်းကောင်း၊ သတ်မှတ်ထားသည့် အလုပ်ပမာဏအရသော်လည်း ဝန်ထမ်းဘက်မှ ရွေးချယ်ထားသည့် အချိန်၊ အဆင်ပြေသည့် အချိန်အတိုင်းအတာအတွင်း လုပ်ဆောင်နိုင်မည်။

ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်များကို ပိုမိုတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည့်အလျောက် လုပ်ငန်းစွမ်းဆောင်ရည်ပိုင်းနှင့် အသင်းအဖွဲ့အလိုက်လုပ်နိုင်စွမ်းလည်း တိုးတက်လာမည်ဟု ဖုဂျစ်ဆုဘက်က ယုံကြည်နေပါသည်။

Stony Brook University School Of Journalism မှ Sree Sreenivasan (ဧည့်ပါမောက္ခဖြစ်သူ စရီးန်) က ဖုဂျစ်ဆု၏ အစီအစဉ်သည် အနာဂတ်တွင် ရုံးခန်း၊ အလုပ်နေရာတို့နှင့်ပါတ်သက်၍ ကျွန်ုပ်တို့နားလည်ထားသည့် အရာတခုဖြစ်သည်ဟုဆိုသည်။

ထောင်ပေါင်းများစွာသော၊ သန်းပေါင်းများစွာသော ဝန်ထမ်းများအနေဖြင့် ယခု အပြောင်းအလဲဖြစ်လာသော “new normal” အသစ်လက်ခံရမည့်ပုံမှန်အခြေအနေ ၏ ကောင်းကွက်၊ ဆိုးကွက်များကို လေ့လာမှတ်ယူထားပြီးဖြစ်သည်ဟု သူက ဆိုသည်။

ဝန်ထမ်းများအနေဖြင့် ကောင်းကွက်များထဲမှ ခရီးမသွားရသော၊ လုပ်ရည်ကိုင်ရည် ပိုမိုတိုးတက်သော၊ အသုံးစရိတ်ပိုမိုနည်းပါးသော စသည့် အကောင်းဆုံးများကို ပေါင်းဖက်လုပ်ဆောင်နိုင်လျှင် ယခင်က လုပ်ရိုးလုပ်စဉ်အဟောင်းများကို ပြန်လွမ်းနေမည်မဟုတ်တော့ဟု ဆိုသည်။

ယခုကဲ့သို့ အိမ်မှနေ၍ အလုပ်လုပ်ကိုင်စေခြင်းကို ပြီးခဲ့သည့် မေလက Twitter ကုမ္ပဏီက စတင်ခဲ့ခြင်းဖြစ်ပြီး တွစ်တာအနေဖြင့် ၎င်း၏ ဝန်ထမ်းများသည် ရာသက်ပန် သို့မဟုတ် ထာဝရ အိမ်မှနေ၍အလုပ်လုပ်နိုင်ပြီဟု ကြေညာခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်ကလည်း Google နှင့် Facebook တို့က ၎င်းတို့၏ ဝန်ထမ်းများ ယခုနှစ်ကုန်ထိ အိမ်မှ အလုပ်လုပ်နိုင်သည်ဟု ကြေညာထားသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Kyodo News, Fujitsu
Image: Biometric Update

 

 

 

%d bloggers like this: