Apple အတွက် iPhones များထုတ်လုပ်ပေးနေသည့် Foxconn ထိုင်ဝမ်နည်းပညာကုမ္ပဏီကြီးသည် အိန္ဒိယ၌ အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန် စက်ရုံအသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝါရှင်တန်နှင့် ဘေဂျင်းတင်းမာမှုကြီးထွားလာခြင်းကြောင့် ယင်းထိုင်ဝမ်ကုမ္ပဏီကြီး၏ ဆုံးဖြတ်ချက်မှာ မိုဒီဦးဆောင်သောအစိုးရအတွက် ကြီးမားသောအောင်ပွဲတစ်ခုဖြစ်လာမည်ဖြစ်သည်။
ဧက ၃၀၀ ကျယ်သည့်စက်ရုံသစ်သည် အိန္ဒိယတောင်ပိုင်း Karnataka ပြည်နယ်တွင်တည်ရှိပြီး အလုပ်အကိုင်ပေါင်း ၁ သိန်းကျော် ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Bloomberg Business, Reuters
Photo: Getty Images