Facebook, Instagram, Whatsapp တို့၏ မိခင်ကုမ္ပဏီဖြစ်သော Meta က ဒုတိယအသုတ်အဖြစ် အလုပ်အကိုင် ၁၀,၀၀၀ ထပ်မံလျှော့ချမည်ဟု ကြေညာခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ၊ နိုဝင်ဘာလတွင် အလုပ်နေရာ ၁၁,၀၀၀ လျှော့ချခဲ့ပြီး ဖြစ်သလို ယခု တကြိမ် ထပ်မံလျှော့ချပြီးလျှင် လစ်လတ်သွားသည့် အလုပ်နေရာ ၅,၀၀၀ ကို ထပ်မံ ဖြည့်တင်းခြင်းမရှိပဲ ထားရှိမည်ဟု အမှုဆောင်ချုပ်ဖြစ်သူ ဇူကာဘတ်က ပြောကြားခဲ့သည်။
ယမန်နှစ်အတွင်း ဝင်ငွေသိသိသာသာလျော့ကျခဲ့ခြင်းက ယခုကဲ့သို့ အလုပ်များကို လျှော့ချရန် ကုမ္ပဏီကို အချက်ပေးသကဲ့သို့ ဖြစ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုအတွင်း ဘဏ်တိုးနှုန်းမြင့်တက်လာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားနေခြင်း စသည်တို့က Meta ကုမ္ပဏီအပေါ် သက်ရောက်မှုများရှိခဲ့သည်ဟု ဇူကာဘတ်က ဆိုသည်။
Meta ကဲ့သို့ပင် အခြား နည်းပညာကုမ္ပဏီကြီးများဖြစ်သော Google, Amazon တို့သည်လည်း ယခုနှစ် စကတည်းက ကုန်ကျစရိတ်ချွေတာရန် အလုပ်အကိုင်နေရာများကို လျှော့ချခဲ့သည်။
နှစ်စတွင် စီးပွားရေးအခြေအနေ မရေရာမှုဟူသော အကြောင်းပြချက်ဖြင့် Amazon က ကပ်ဘေးအတွင်း အလျင်အမြန်ခေါ်ယူဖြည့်တင်းခဲ့သော အလုပ်အကိုင် ၁၈,၀၀၀ ကျော်ကို ရုတ်သိမ်းရန် စီစဉ်ခဲ့သည်။
Google ၏ မိခင်ကုမ္ပဏီ Alphabet က အလုပ်အကိုင် ၁၂,၀၀၀ လျှော့ချခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, AP News, Aljazeera
Image: GettyImages