အင်ဒိုနီးရှား၏ payment, food-delivery နှင့် ride-hailing giant ဖြစ်သူ Gojek သည် Facebook နှင့် PayPal တို့အပြင် ယခင်ရင်းနှီးမြှုပ်နှံသူဟောင်းများဖြစ်ကြသော Google နှင့် Tencent တို့ထံမှ ရင်းနှီးမြှုပ်နှံမှုငွေရရှိခဲ့ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့သည်။ ရရှိခဲ့သော ငွေကြေပမာဏကို အတိအကျ ဖော်ပြခဲ့ခြင်းတော့မရှိသော်လည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ယခုရင်းနှီးမြှုပ်နှံမှုငွေကြေးသည် လက်ရှိလုပ်ဆောင်နေသော Series F ရင်းနှီးမြှုပ်နှံမှု၏ တစိတ်တပိုင်းပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာ ၃ ဘီလျံရှိသည်ဟု သိရှိရသည်။
ရရှိလာသော ငွေကြေးကို အရှေ့တောင်အာရှ၏ ဒီဂျစ်တယ် စီးပွားရေးကို အဆင့်မြှင့်တင်ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး အထူးသဖြင့် digital payments နှင့်ဘဏ္ဍရေးအပိုင်းတို့တွင် အဓိကတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
Gojek သည် ဒီဂျစ်တယ် စီးပွားရေးတွင် အသေးစားလုပ်ငန်းများ၊ အလတ်စားလုပ်ငန်းများ အောင်မြင်မှု ပိုမိုရရှိရေးကို ကူညီရန်အတွက် ငွေပေးချေမှုလုပ်ငန်းဖြစ်သော GoPay ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဒေသတွင်းတွင် ဘဏ်အသုံးမပြုသူများစွာရှိနေပြီး ငွေသားကိုသာ အဓိကသုံးစွဲနေသော လုပ်ငန်းများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
“အကယ်၍ ကျွန်တော်တို့ရဲ့စီးပွားရေးပြန်လည်နလံထူဖို့အတွက်ဆိုရင် ပြည်သူတွေအတွက် ငွေပေးချေဖို့နဲ့ ကုန်သွယ်မှုပြုလုပ်နိုင်ဖို့ အခြားနည်းလမ်းတွေရှာဖွေနိုင်ဖို့အတွက် ခိုင်မာတဲ့ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အဦတွေ ရှိဖို့လိုအပ်တယ်ဆိုတာ Covid-19 ကပ်ရောဂါက သတိပေးနေခဲ့ပါတယ်” ဟု Gojek ၏တွဲဖက် CEO ဖြစ်သူ Andre Soelistyo ကဆိုသည်။
Gojek သည် ဒေသတွင်းတွင် အသုံးပြုသူ users ပေါင်း သန်း ၁၇၀ ကျော်ရှိနေပြီး တနှစ်လျှင် transactions ပေါင်း ဘီလျံနှင့်ချီ၍ ပြုလုပ်နေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
သဘောတူညီချက်အရ PayPal ၏ ငွေကြေးပေးချေမှုလုပ်ငန်းစဉ်များကိုလည်း Gojek နှင့်အတူ တွဲဖက်လုပ်ဆောင်ရန်ရှိပြီး Gojek ၏ users များကို PayPay ၏ network မှတဆင့် ကမ္ဘာတဝှမ်းရှိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၅ သန်းနှင့်လည်း ငွေပေးချေမှု ပြုလုပ်နိုင်မည်ဖြစ်သည်။
ယခုရင်းနှီးမြှုပ်နှံမှုသည် အင်ဒိုနီးရှားအခြေစိုက်လုပ်ငန်းများတွင် Facebook ၏ပထမဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး WhatsApp အပါအဝင် social networking giant ကြီး Facebook သည် အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။
“အင်ဒိုနီးရှားနိုင်ငံမှာ Gojek, WhatsApp နှင့် Facebook တို့ဟာ အရေးပါတဲ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်ပါတယ်။ ထိုကော်ပိုရေးရှင်းကြီးတွေကတဆင့် သန်းနှင့်ချီတဲ့ အသေးစားနှင့် အလတ်စားလုပ်ငန်းတွေကို အရှေ့တောင်အာရှရဲ့အကြီးဆုံး Digital Economy နဲ့ချိတ်ဆက်နိုင်အောင် ကူညီပေးသွားပါ့မယ်” ဟု WhatsApp ၏ COO ဖြစ်သူ Matt Idema က ဆိုသည်။
ယခုရင်းနှီးမြှုပ်နှံမှုတွင် ယခင်ရင်းနှီးမြှုပ်နှံသူဟောင်း Google နှင့် Tencent တို့လဲပါဝင်လာခဲ့ပြီး Gojek ၏ လုပ်ငန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိလာသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source and photo: Techinasia